fattyOctober 26, 20111min27017
လူကြီးတွေနှင့်ကျနော်စိတ်ပူတီးနှင့် ကျေနော် ကျနော်ဘဝမှာ ပထမဆုံးကျဆုံးခြင်းဆိုတာကို စတွေ့ဘူးတော့အရှေ့တိုင်းသားပီပီ ဗေဒင်ဆရာဆီကိုရောက်ခဲ့ပါတယ် ..။ ဗေဒင်ဆရာက နက္ခတ်နဲ့တွက်ပါတယ် ဆန်းကျမ်းနဲ့ညှိပါတယ် မဟာဘုတ်နဲ့လဲ ကြည့်ပါတယ် ..။ ဘာပြောလဲဆိုတော့ ..။ ခင်ဗျားအလုပ်ကနားထားသလားတဲ့ ….။ ဟုတ်ပါတယ် … မြန်မာအသံကနေ အရေးအခင်းပြီတော့ ကဒ်ပြားအပ်ပြီးထွက်ခဲ့တာပါ ….။ ဒီဇာတာမျိုးဟာ … အတွေ့အကြုံများခဲ့တယ်လို့ပြောရမှာဘဲဗျ။ ကျနော်ပြောချင်တာက ဘဝမှာ အတက်မြန်တတ်တယ် အဲသလိုဘဲ အကျလဲရှိတယ် ..။ ဆိုလိုတာက မင်းစိုးရာဇာထိပေါက်ရောက်တတ်တယ် … ။ ကျရင်လဲ ကျသွားတတ်တယ်ပေါ့ဗျာ ..။ ကျနော်မေးပါရစေဆရာ ….။ ကျရင်ဘယ်လောက်ထိကျသွားမှာလဲ …။ အင်း ခင်ဗျားဇာတာက ကျပေမဲ့လို့ ကျနော်ဆိုလိုတာက ဇီးရီုး ဆိုတဲ့အခြေအနေကိုပြောတာမဟုတ်ပါဘူး။ ခင်ဗျားကိုကယ်မဲ့မမဲ့သူတွေရှိတယ်ဗျ။ ခင်ဗျား ယုံတာမယုံတာအပထား မမြင်နိုင်တဲ့ပုဂိ္ဂုလ်များက လည်းစောင့်လျှောက်ပေးနေတယ် နောက်တော့သိလာမှာပါ […]