uncle gyiDecember 14, 20121min36521
ဦးဘ၏သားမောင်ပိုအားမောင်ချစ်ဟုပြောင်းလဲခေါ်ဆိုပါရန် သတင်းစာတွေထဲမှာကလေးငယ်စဉ်အမည်ပြောင်းခြင်းသတင်းတွေကိုမကြာခဏဖတ်ရပါတယ် အထူးသဖြင့်၉တန်း၁ဝတန်းကလေးတွေပိုများပါတယ် နောက်ပိုင်းအသက်အလုပ်ခွင်ရောက်ပြီူးသွားတဲ့သူတွေကအမည်ပြောင်းတာအင်မတန်နည်းသွားပါတယ် သေသည်အထိလုပ်ငန်းထဲကအမည်နဲ့နေသွားကြတာများပါတယ် ဒါပေမဲ့ထူးထူးခြားခြားသေပြီးမှအမည်ပြောင်းတာကိုတော့တွေ့ဖူးကြမှာမဟုတ်ပါဖူး အထူးသဖြင့်သေသူနဲ့သူ့မိသားစုကမပြောင်းပဲစာနယ်ဇင်းတွေကပြောင်းပေလိုက်တာကိုမြင်ဖူးကြမလားမသိဖူး တနေ့ကစာစောင်တခုဖတ်မိလိုက်ပါတယ် ထူးထူးခြားခြားကျွန်တော်တို့အကြိုက်အဆိုတော်တဦးသေဆုံးမှုသတင်းြနောက်ဆက်တွဲဖြစ်ပါတယ်   မြင်ကြတဲ့အတိုင်းခင်မောင်တိုးဖြစ်ရမှာကို ခေါင်းကြီုးစာတန်းမှာမှခင်မောင်တိုင်းအဖြစ်အမည်ပြောင်းပေးလိုက်တာပါ အယ်ဒီတာမင်းများအလုပ်မအားကြလို့ပြန်မစစ်လိုက်နိုင်လို့နဲ့တူပါတယ် နောက်အပတ်ထုတ်မှာအမှားပြင်ဆင်ခြင်းနဲ့ပြီးသွားတော့မှာပါ အယ်ဒီတာတွေတာဝန်ယူမှုအရေးကြီးကြောင်း တာဝန်မပေါ့သင့်ကြောင်းတင်ပြလိုက်ပါတယ်ဗျာ