ရဲမာန်ဝင်းOctober 11, 20121min30621
အစ္စလာမ်သာသနာ ပြန့်ပွားမှာကို ကြောက်ရွံ့စိုးရိမ်တဲ့ အာဏာရှင် ဦးနေဝင်းကြီးဟာ အစ္စလာမ်သာသနာဝင် တို့ကို နိုင်ငံသား တိုင်းရင်းသား အခွင့်အရေး မရနိုင်ဘို့ ရည်ရွယ်ချက်နဲ့ ၁၉၈၂ ခုနှစ် လူဝင်မှု ဥပေဒကို တစ် ကိုယ်တော် အမိန့်အာဏာနဲ့ ပြဌာန်း ခဲ့ပါတယ်။ ဥပဒေ တစ်ရပ်ကို ပြဌာန်းလို့ အဲ့ဒီ ဥပဒေဟာ နိုင်ငံတော်တစ်ခုလုံးမှာ ရှိတဲ့ လူသားအားလုံးအပေါ်မှာ တန်းတူ ညီမျှ သက်ရောက်မှု ရှိရင်- မြန်မာမွတ်ဆလင်များ အနေနဲ့ သဘောမတူညီစရာ အကြောင်းမရှိပါ။မြန်မာနိုင်ငံထဲကို အင်္ဂလိပ် ကိုလိုနီခေတ်ကမှ ဝင်လာခဲ့တဲ့ အိန္ဒိယမျိုးနွယ် သို့မဟုတ် အိန္ဒိယ ကပြား မွတ်ဆလင် များ အနေနဲ့လည်း နိုင်ငံတော်ရဲ့ ဥပဒေတစ်ရပ် ဖြစ်လို့ အပြစ်ဆိုနေစရာ အကြောင်းမရှိပါ။ ဒါပေမယ့်- အဲ့ဒီ ဥပဒေဟာ […]


ကျွန်တော်ဒီနေ့….မတ်လ၁၅ရက်နေ့ထုတ်“ ပြည်သူ့ခေတ်ဂျာနယ်”မှာပါလာတဲ့ ဒေါက်တာခင်မောင်ညိုရဲ့“သတင်းခေတ်ဆန်းချိန်” ဆိုတဲ့ဆောင်းပါးလေးဖတ်မိတော့ ကျွန်တော် မွေ့လျှော်ပျော်ပိုက်နေတဲ့ ကျွန်တော့်ရွာကိုချက်ချင်းသတိရသွားမိတယ်.. ကျွန်တော့်ရွာဆိုတာက “မန်းလေးဂေဇက်” ဆိုတဲ့အင်မတန်မှပျော်စရာကောင်းတဲ့ ရွာကြီးပါ…လောကသဘာဝအတိုင်း ကျွန်တော်တို့ရွာကြီးမှာလဲ လူဟောင်းတွေ တဖြည်းဖြည်းပျောက်တဲ့လူပျောက်…ပေါ်လိုက်ပျောက်လိုက်ဖြစ်သူဖြစ်…… ဘာဖြစ်ဖြစ်ချစ်စရာရွာကြီးပါ…လူအသစ်အသစ်တွေလည်း..အမြင်သစ်အတွေးသစ်တွေ ယူဆောင်လို့ ရွာကိုလာရောက်အခြေချနေထိုင်လာကြတာခုဆို တကဲ့စည်ကားတဲ့ ရွာကြီးတစ်ရွာဖြစ်နေပါပြီ..သဂျီးရဲ့မေတ္တာမှော်အစွမ်းကြောင့် ရွာထဲဝင်အခြေချမိသူတွေခမျာ အလုပ်ပျက်အကိုင်ပျက်ဖြစ်လားဖြစ်ရဲ့…အစားပျက် အအိပ်ပျက်ဖြစ်လားဖြစ်ရဲ့… အိမ်ထောင်ဖက်တွေနဲ့ အခန့်မသင့်ဖြစ်လားဖြစ်ရဲ့..ကွန်ပြူတာဖွင့်ပြီဆိုတာနဲ့ ဂေဇက်လေးဖွင့်ကြည်လိုက်ရမှ…ဖွင့်ပြီးရင်လည်း..ဟိုဖတ်ဒီဖတ်နဲ့ တော်တော်နဲ့မထွက်ဖြစ်ပြန်ဘူး..အော်…ဘိန်းစွဲသလိုစွဲနေမိပါပြီကော…. နိဒါန်းရှည်နေလို့ ရွာသူားများသည်းခံပါခင်ဗျား…လိုရင်းလာပါပြီ..လာပါပြီ… ကျွန်တော်တို့တတွေဟာ စာတွေဖတ် ဖတ်ရာကအားမရတော့ကွန်မန့်တွေပေး …ပေးနေရင်းဖီးတက်လာတော့ ပို့စ်တွေတင်…တင်ရင်းနဲ့ပို့စ်မတင်ရတာကြာတော့ ဘာပို့စ်တင်ရင်ကောင်းမလဲစဉ်းစားရင်း..ကင်မရာကိုင်သူကိုင်…အင်တာဗျူးလုပ်သူလုပ်.. အကြံကုန်ဂဠုန်ဆားချက်ဆိုသလို..ကိုယ့်ပါတ်ဝန်းကျင်ကအဖြစ်အပျက်ကလေး တွေလိုက်စပ်စု…သတင်းဦးသတင်းထူးဆိုပြီးတင်ရင်းနဲ့..တဖြည်းဖြည်းသတင်းသမား တွေဖြစ်မှန်းမသိဖြစ်နေကြပါပြီ..ဒီတော့ကာမယ်..အားလုံးအကျိုးရှိစေမဲ့ ရွာသူရွာသားများလိုက်နာသင့်သည့်အကြောင်းအရာလေးကိုတဆင့်ဖေါက်သည် ချလိုက်ပါရစေဗျား…ဆရာလုပ်ခြင်းမဟုတ်ပါ…ရွာသူ ရွာသားအားလုံး နဲ့တကွ ရွာကြီးပါတိုးတက်စေချင်လို့ ဒီဆောင်းပါးလေးကိုတဆင့်တင်ပြလိုက်ရပါကြောင်း။ ဒေါက်တာခင်မောင်ညိုရဲ့“သတင်းခေတ်ဆန်းချိန်” ဆိုတဲ့ဆောင်းပါးထဲကကောက်နှုတ်ချက်ကလေးကိုဖတ်ကြည့် ကြရအောင်ဗျာ…(ဆောင်းပါးအပြည့်အစုံကိုအဆိုပါပြည်သူ့ခေတ်ဂျာနယ်တွင်ဖတ်နိုင်ပါသည်)်       ယနေ့ သတင်းထောက်ဟူသောစကားလုံးအစား journalist ဟူသော စကားကိုအသုံးများ သည်။ဘာကြောင့်လဲဆိုတော့ […]