နွယ်ပင်October 31, 20111min20319
စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ ။ ဒီစကားလေးကို နွယ်ပင့်ရဲ့ဖေဖေက (3)တန်းအရွယ် သူ့သမီးလေးကို ပုံပြင်စာအုပ်လေး တစ်အုပ်ကိုပေးရင်း ပြောခဲ့ဖူးတယ် ။ အဲ့အချိန်တုန်းကတော့ ဒီစကားရဲ့ အဓိပါယ်ကို ဘာမှန်းလေးလေးနက်နက် သေချာမသိခဲ့ပင်မယ့် ဖေဖေဝယ်ပေးခဲ့တဲ့ ပုံပြင်စာအုပ်လေးတွေနဲ့ နွယ်ပင်မွေ့လျောခဲ့တယ် ။ ဒီလိုနဲ့ နေ့ရက်လ ခုနှစ်တွေ တော်တော်ကြာညောင်းလာတော့ နွယ်ပင်တစ်ယောက် စာအုပ်(1)အုပ်ကိုမြင်ရင် မဖတ်ပဲ မနေနိုင်သလို စာအုပ်တစ်အုပ်ကို စဖတ်မိပြီဆိုရင်လဲ လက်က မချနိုင်လောက်အောင်ကိုပဲ စာဖတ်ခြင်းကို ကြိုက်နှစ်သက်လာခဲ့တယ် ။ (10) တန်းအောင်လို့ အိမ်မှာအလကားထိုင်စားနေတဲ့ အချိန်တုန်းကတော့ စာအုပ်နဲ့ မျက်နှာကို မခွာဖြစ်လောက်အောင်ကို စာဖတ်သန်ခဲ့တာပေါ့ ။ စာအုပ်ဆိုရင် ဘာစာအုပ်ကိုမဆိုုစိတ်က အလိုလိုနေရင်းဖတ်ချင်တယ် အပျော်ဖတ်ရော ဗဟုသတရော ဘာသာပြန်ရော စုန်းကဝေရော စိတ်ဓာတ်မြှင့်တင်ရေးရော ဘာမဆိုလာထားပဲ ။ ဒါပေမယ့် […]