အိမ်ကအထွက် သုညတွေကောက်ရတယ်.. ထုံးစံအတိုင်းကောက်မြဲကောက်ခဲ့တယ်.. ညက အိမ်မက်ထဲကို လမ်းလျှောက်ရင်းပြန်ရောက်သွားတယ်.. အအိပ်မက်တဲ့ ငါ့အတွက် ပြန်ထွက်ဖို့အခက်သားပဲ.. လက်နဲ့ချေပစ်လိုက်တဲ့.. လေထုထဲငါ့ရဲ့.. အာနိသင်တစ်ချို့ပါသွားတယ်…ရှိစေတော့.. ကိုယ့်ထိုက်နဲ့ကိုယ်ပဲလေ…။ ငါကသူများထက်တော်တယ်…. ငါ့ရဲ့ ကြည့်မှန် တစ်ခုထဲ ရဲ့ အတွင်းမှာပေါ့.. ဒီလိုနဲ့…စက္ကန့်ပေါင်းများစွာငါ အလွတ်ရပြီးပြီ ငါ့ထက်ညံ့တဲ့သူကိုငါ မတွေ့ဘူးသေးဘူး…. တစ်ခါတစ်လေ..တွေးမိတဲ့အလင်းတွေရဲ့အကြောင်းကို ငါ အမှောင်ထဲရောက်မှ အဓိပ္ပာယ်ဖော်ကြည့်မိတယ်.. သူလည်းမထူးပါဘူး….အရောင်တစ်မျိုးပဲလေ… ဒါကငါ့ရဲ့တစ်ဖက်သတ်အတွေး.. ဘဝဆိုတာ ဘာမှန်းညာမှန်းမသိပါဘူး တကယ်ပြောတာ… အခုထိ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့..ငါ… အဘိဓ္ဓါန်မှန်သမျှကိုအလွတ်ကျက်နေမိတယ်… နောက်..ငါ အလွတ်ရတာဆိုလို့… အခွံလွတ်နဲ့..အခွံတစ်ခု အဲ နှစ်ခု…နဲ့ လေထုမရှိတဲ့ အာကာသကြီးတစ်ခု…