etoneJuly 27, 20101min670
ဒီဇာတ်လမ်းမှာ ဇာတ်ကောင်ရဲ့ နာမည်ကို ပေးစရာမလိုဘူး၊ လိုလည်း မလိုအပ်ဘူးလို့ ကျုပ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထဲမှာရှိနေတဲ့ လူတွေကို ကျုပ်တို့က နာမည်အစား ကိုယ်ပိုင်နံပါတ်နဲ့ခေါ်လို့ပါပဲ ။ “ငိုက်မနေနဲ့ကွာ အကြောင်းကြားတဲ့လူတွေ လာနေပြီ” ဘေးက လုပ်ဖော်ကိုင်ဖက်က ကျုပ်ပုခုံးကို ခပ်ကြမ်းကြမ်းလေး ပုတ်လိုက်မှ မှေးနေတဲ့ ကျုပ်မျက်လုံးတွေ ဖွင့်လိုက်မိတယ်။ တစ်နေ့လုံး ဒီထဲမှာပဲ တာဝန်ကျနေတဲ့အတွက် လူကလည်း နှုံးချိပင်ပန်းနေတယ်။ ကျုပ် ပျင်းကြောတစ်ချက်ဆန့်ပြီး တံခါးဘက်ဆီကို လျောက်သွားလိုက်တယ်။ ဒီနေ့ ထောင်သားအသစ်တစ်ဦး ထပ်ရောက်လာပါတယ်။ နာမည်စာရင်းထဲက တရားခံရဲ့ ကိုယ်ရေးမှတ် တမ်း အကျဉ်းကို တစ်ချက် လှန်ကြည့်လိုက်တော့ ကျုပ် မှင်သက်သွားမိတယ်။ ကိုယ်ပိုင် နံပါတ်အောက် မှာ ထင်ရှားပြတ်သားအောင် ရေးထားတဲ့ စာလုံးက နှစ်လုံးထဲ “သေဒဏ်”တဲ့။ ကျုပ်ပိုအံဩသွားတာက […]