စစ်တွေ တက္ကသိုလ်တွင် ပြေးဆွဲနေသော သုံးဘီးကားခကို ရုတ်တရက် မြင့်တင် လိုက်သဖြင့် ကျောင်းသားများနှင့် သုံးဘီးသမားများ အကြား စကားများရာမှ ရုန်းရင်း ဆန်ခတ်မူ တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရုန်းရင်း ဆန်ခတ်မူမှာ ယနေ့ နေ့လည် ၁ နာရီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသား တစ်ဦးက ပြောသည်။ဖြစ်ပျက်ခဲ့တာကတော့ ဩဂုတ်လ (၃) ရက်နေ့ကပါ။အရင်ဈေးနှုန်း ၁၀ဝကျပ်မှ၂၀ဝကျပ် သို့တိုးမြှင့်လိုက်သည်။ယခုလိုဈေးတင်လိုက်တော့ ကျောင်းသားတယောက်ဟာ အသွားအပြန် ၄၀ဝကျပ် ကျနေတယ်။ ဒါကိုမကျေနပ်လို့ ဝိုင်းဖွဲ့တောင်ဆိုရာမှ ဆန္ဒပြချီတက်ကြ သည်အထိ အခြေအနေရုတ်ရုတ်ဖြစ်သွားခဲ့ပါတယ်။ ဩဂုတ်လ(၄)ရက်နေ့မှာတော့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၊ ပြည်နယ်အာဏာပိုင် အဖွဲ့အစည်းတို့ ညှိနှိုင်းပြီးတော့ မူလဈေးနှုန်းဖြင့် ပြန်လည် ပြေးဆွဲလျှက်ရှိပါသည်။ ယခုအချိန်အထိ အခြေအနေမှာ အေးအေးဆေးဆေး ပညာသင်ကြားလျှက်ရှိကြပါသည်။