water-melonJanuary 28, 20121min17312
လူတိုင်းလူတိုင်းမှာ မမေ့နိုင်တဲ့ အမှတ်တရနေ့လေးတွေရှိသလို ဖရဲဘဝမှာလဲ အမှတ်တရနေ့လေးတွေရှိပါတယ်။ ပထမဆုံး အမှတ်တရနေ့လေးက ရတနာပုံတက္ကသိုဟ် ပထမဆုံးတက်ရတဲ့နေ့ဖြစ်ပါတယ်။ ကျောင်းပထမဆုံးနေ့လေးက…… အိမ်ကနေ မနက် ရ ခွဲလောက် ထွက်လာတယ်။ ကျောင်းဖွင့်တာက ဒီဇင်ဘာဆိုတော့ တော်တော်လေးအေးတယ်။ ဆိုင်ကယ်နဲ့သွားရတာဆိုတော့ မေးတုန်အောင်ချမ်းတာဗျ။ ဒါနဲ့ ဦးပိန်ရောက်တော့ ဦးပိန်အငွေ့အသက်ရမလား အသက်ပြင်းပြင်းရှူကြည့်တော့ အနံ့က တော်တော်ဆိုးတယ်ဗျ။ သိရသလောက်တော့ ဦးပိန်က ကျွန်တော်တို့ငယ်ငယ်တုန်းလောက် မသန့်တော့ဘူးဆိုတာဘဲ။ ရတနာပုံက ဦးပိန်ကို ပတ်ပြီးသွားရတာ။ ဒါနဲ့ကျောင်းရောက်တော့ ကိုယ့်မေဂျာငှာနက ဘယ်မှာမှန်းလဲမသိ။ ကြောင်တောင်တောင်နဲ့ တွေ့တဲ့ဆရာမကို မေးကြည့်မှ သိတော့တယ်။ မေဂျာလည်း ရောက်ရော ပြသာနာစတာဘဲ ဘယ်အခန်းမှာ တက်ရမယ်ဆိုတာလဲ မသိ ကျောင်းဝင်ခွင့်ကို အသိဆရာမက အပ်ပေးတော့ ကျောင်းသားကဒ်က သူဆီမှာ။ အဲဒီဆရာမကိုလည်း မသိ။ မေဂျာက ဆရာမကို […]