weiweiAugust 27, 20121min57226
အခုတလော မိုးအေးအေးမို့ ဟင်းချိုဟင်းပူပူ ချက်သောက်ဖြစ်လေ့ရှိပါတယ်။ ကိုးရီးယားဇာတ်ကားတွေမှာ ရွှေဖရုံသီးဆန်ပြုတ်လို့ ခေါ်တဲ့ ဟင်းရည်တစ်ခုကို စမ်းသပ်ကြည့်ချင်တာနဲ့ စမ်းချက်ကြည့်ဖြစ်တယ်။ အရသာ အထူးကောင်းမွန်ပြီး အရမ်းသောက်လို့ကောင်းပါတယ်။ တရုတ်လူမျိုးတွေ နှစ်သက်တဲ့ ဟင်းရည်တစ်မျိုးလဲဖြစ်ပါတယ်။ ပါဝင်သောပစ္စည်းများ ရွှေဖရုံသီး အလုံးခပ်သေးသေးတစ်လုံး၏ တစ်ခြမ်းတိတိ အသားပြုတ်ရည် ဝ.၅ လီတာ ကြက်သွန်ဖြူ အမွှာကြီးကြီး ၂ မွှာ ဆား အနည်းငယ် ချက်ပြုတ်ပုံအဆင့်ဆင့် ဖရုံသီးကို အခွံခွာပြီး ဂျစ်တစ်ခုဖြင့် ခြစ်ပစ်လိုက်ပါတယ်။ မုန်လာဥနီသုတ်ရင်ခြစ်တဲ့ဂျစ်ကို အသုံးပြုလိုက်တယ်။ အသားပြုတ်ရည်ထဲကို ကြက်သွန်ဖြူထောင်းထည့်ပြီး ပွက်ပွက်ဆူထဲကို ဖရုံသီးခြစ်ပြီးသားထည့်ပြီး ယောင်းမတစ်ခုဖြင့် စိတ်ရှည်ရှည် ၁ဝ မိနစ်ခန့်မွှေပေးရပါမယ်။ ဆားထည့်ပြီး အရသာမြည်းပြီးလျှင် သောက်လို့ရပါပြီ။ နဂိုအချိုဓါတ်ပါပြီးသားမို့ ဟင်းချိုမှုန့်ထည့်စရာမလိုပါဘူး။ ဖရုံသီးအနံ့ပျောက်သည်အထိ စိတ်ရှည်ဖို့တော့ လိုပါတယ်။