ဖိနပ်…။။ ဖိနပ်…ဖိနပ်က ဘယ်နှယ်ခုနှစ်ကစတင် တီထွင်ခဲ့တာပါလဲ? အနောက်တိုင်းကစတင်တီထွင်ခဲ့တာလား အရှေ့တိုင်းက စတင် တီထွင်တာလား ဖိနပ်ကိုလူတွေစတင်အသုံးပြုခဲ့တဲ့အတိတ်သမိုင်းကြောင်းကို မသိပေမယ့် ဖိနပ်ဟာ  ယခုခေတ်အချိန် အခါမှာတော့ နိုင်ငံအသီးသီး မှာတွင်ကျယ်စွာအသုံးပြုနေကြပါပြီ နေရာဒေသအလိုက် ဝတ်ဆင်ပုံနဲ့ ဖိနပ်ပုံစံအမျိုးမျိုးရှိကြပေမယ့် ဖိနပ် ဟာလူတစ်ယောက်အတွက်တော့မရှိမဖြစ် လူ့အသုံးအဆောင်ပစ္စည်း တစ်ခုအဖြစ်ရပ်တည်နေရုံမကပဲ ….။ ကြွယ်ဝချမ်းသာသူတွေကြားထဲမှာတော့ လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်ဒဒြပ် တစ်ခုရဲ့ပြရုပ်အဖြစ်လည်း ဝတ်ဆင်ကြတာတွေ့ကြရပါတယ် …လူတစ်ယောက်ဟာ ဘယ်လိုအခြေအနေမှာရှိနေပါစေ အတော်အတန်ကောင်းမွန်တဲ့ ဖိနပ်တစ်ရံစီတော့ ပိုင်ဆိုင်ထားကြပါတယ်….လူတစ်ချို့ဆိုရင် ဖိနပ်ကိုအရံပေါင်းမြောက်များစွာကို ပိုင်ဆိုင်ထားသူများအဖြစ်လည်း တစ်ချို့သောနေရာဒေသ တိုင်းပြည်တွေမှာတွေ့ရပါတယ်…။ ထင်ရှားတဲ့လူတစ်ချို့ရဲ့ဖိနပ်တွေကိုဆိုရင် လေလံတင်ရောင်းချရတဲ့အထိ ရှိနေခဲ့တာရယ် ဖိနပ်တရံအတွက် ငွေကြေးမြောက်များစွာ အသုံးပြုပြီး လေလံဆွဲဝယ်ယူခဲ့သူတွေလည်း တွေ့ရတတ်ပါတယ်။။။။။ ဖိနပ်မှာထူးခြားချက် ကလေးတွေကိုလည်းဒီလိုတွေ့ရတတ်ပါတယ် … လူတစ်ယောက်ဟာ  ဖိနပ်တရံကိုအသုံးပြုမယ်ဆိုရင်……………… အစုံလိုက်အသုံးပြုမှသာရပါတယ် ဘယ်ညာ နှစ်ဖက်ရှိမှ ဝတ်ဆင်အသုံးပြုနိုင်တာကိုတွေ့ရပါတယ်..။ […]