moonpoemJanuary 22, 20131min49723
ကျွန်မတိ်ုးရစ်ဂိုက် စလုပ်တာ ၂၀၀၈ခုနှစ်မှာဖြစ်သည်။ နာဂစ်ဖြစ်ပြီးခါစ ဘယ်ဧည့်သည် ဘာလူမျိုးမှ သိပ်မလာကြ။ တစ်လနေလို ့ ၃ခေါက် ခရီးသွားရလျှင်ပင် ကံထူးသူဖြစ်ပေဧ။် ။ စကားပြောရခြင်း၊ခရီးထွက်ရခြင်းကို နှစ်သက်ပြီး တိုးရစ်ဂိုက်ဘဝကို ရွေးချယ်မိခဲ့သော ကျွန်မသည် ထို အချိန်က စကားလည်း သိပ်မပြောရသလို ခရီးလည်း သိပ်မထွက်ခဲ့ရပါ။ ယခုလို တိုးတွေပေါပေါများများ မရှိသဖြင့် ခရီးသွားကုမ်မဏီများကလည်း တိုက်ပိုင် ဧည့်လမ်းညွှန်တွေကိုသာ အသုံးများပြီး ဖရီးလန် ့စ် လိုက်သော ကျွန်မတို ့လို ဂိုက်တွေကို သိပ်လည်း မသုံးကြသေးပါ။ ကုမ်မဏီတွေက စမ်းပြီး ဂိုက်မထည့်ကျတော့ အတွေ ့အကြုံက မရ၊ အတွေ ့အကြုံက မရှိတော့ တခြား ကုမ်မဏီတွေကလည်း မသုံးချင်နှင့် သံသရာလည်ကာ အိပဲ့အိပဲ့နှင့် ဘဝကို ဖြတ်သန်းခဲ့ပါဧ။် […]