ကျွန်တော် မန်းလေး နဲ.ရန်ကုန်ကို အမြဲတမ်းသွားနေကြပါ.. ဒါပေမယ့် မရိုးနိုင်တဲ့ခံစားမှုလေးတွေကို ရေးပြပါမယ်.. အဝေးပြေးကားပေါ်က ဆင်း ဆိုင်ကယ်ပေါ်တက် ပြီး စက်နိုးလိုက်တဲ့အချိန်မှာ ပဲ အရမ်းလွတ်လပ်တဲ့ ခံစားမှုကို စတင်ခံစားလိုက်ရတော့တာပဲ… ဘာလို.လဲ ဆိုတော့ကိုယ်သွားချင်တဲ့ စီ ကို ကိုယ့်စိတ်တိုင်းကျ သွားနိုင်တဲ့ ခံစားမှုလေးလေ… ဆိုင်ကယ်လီဗာဆွဲရတာကို က အရသာတစ်မျိုးပါပဲ…. ရန်ကုန်မှာ ဘတ်စ်ကား၊ တက်ခ်စီ မောင်းပို.မှရောက် တဲ့နေရာတွေကို ကိုယ်တိုင် အချိန်မကုန်ပဲ ခဏလေးရောက်တာလေ….. နေ.ခင်းဘက် ရုံးတက် ထမင်းစားချိန်ရောက်ပြန်ရင်လဲ ဘယ်မှာသွားစားမလဲ ဆိုတဲ့အတွေးနဲ. ဆိုင်ကယ်လေး ပေါ်တက် သွားစားချင်တဲ့ ဘယ်နေရာမဆို သွားလိုက်နိုင်တာပါပဲ… မန်းလေးက လမ်းတွေကလဲ တော်တော်များများကိုကောင်းနေကြပါပြီး ဆိုင်ကယ်တွေက လဲ အရောင်အသွေးစုံ အမျိုးစုံနဲ.ဗျာ… ကောင်မလေးများကလဲ ဆိုင်ကယ်အရောင်တွေနဲ. လိုက်ဖက်ညီစွာ လှပနေကြတယ်လေ… […]


ကျွန်တော် မန်းလေး သွားပြီး သောင်းကျန်း အဲအဲ အလုပ်သွားလုပ်တာ… မန်းလေးရောက်ရင် ကျွန်တော် မုန်.တွေလျှောက်စားတာပဲ… ရန်ကုန်မှာဆိုရင် သိပ်တောင်မစားဖြစ်ဘူးဗျ.. အိမ်မှာပဲ ခေါက်ဆွဲခြောက်နဲ. နှစ်ပါးသွားနေတာလေ… ဒီနေ.တော့ ၂၆လမ်းထောင့်က ရွှေပြည်မိုးလက်ဖက်ရည်ဆိုင် မှာ နေ.လည်စာ သွားစားမယ်ပေါ့.. အဲဒီဆိုင်က လက်ဖက်ရည်က လဲ ကောင်းတယ်လေ…. အပြင်အဆင်ကလဲ သပ်ရပ် အလန်းလေးတွေကလဲ ပေါဆိုတော့ သွားရတာ စိတ်ကိုချမ်းသာလို….. ဟိဟိ ဒါနဲ. လက်ဖက်ရည်ဆိုင်ရောက်တော့ စမူဆာသုတ်လေး နဲ. ထမင်းဆီဆမ်းလေး နဲ.မှာ လက်ဖက်ရည် ပုံစိမ့် (ရန်ကုန်မှာ အဲလို ပြောရင် ဘယ်စားပွဲထို.မှ မသိဘူး) တစ်ခွက်မှာလိုက် တာ လာချပေးတော့ ထမင်းပုံလေးက လှတော့ ပို.စ်တင်ချင်တဲ့ရောဂါက ထလာတာပေါ့.. အကြောင်းမရှိအကြောင်းရှာ တင်တယ်ဆိုပြီး အပြစ်တင်လဲ ခံရတော့မှာ […]


ကျွန်တော်သူငယ်ချင်းအိမ်က ကြောင်တစ်ကောင်က အိမ်သာသွားသွားတတ်တယ်ဆိုလို. သူအိမ်သွားပြီး ဓာတ်ပုံရိုက်လာတာပါ.. အဲဒီကြောင်က အီးပါရင် လူလိုပဲ အိမ်သာမှာသွားသွားပါပါတယ်… ပြီးရင် လူကိုလာခေါ်ပြီး သူဟာကို ရေလောင်းခိုင်းပါတယ်… ကျွန်တော်လဲ မယုံလို. သွားစောင့်ပြီး ဓာတ်ပုံရိုက်လာခဲ့ပါတယ်… ရွာထဲမှာ ရှိတဲ့ ကြောင်တွေရော အဲလိုလိမ္မာလားဟင်…………. ဟီးဟီး နောက်တာနော် ချိတ်ချိုးနဲ….. 😀 အဲဒီကြောင်က သူအိမ်သာသွားချင်လို. အိမ်သာတံခါးပိတ်ထားရင် တချိန်လုံးအော်နေတယ်ဆိုပဲ… ပို.စ်တင်ချင်လွန်းလို. ကြောင်အီးပါတာတောင် သေသေချာချာ စောင့်ရိုက်ရတဲ့ အဖြစ်ကိုရောက်နေပါပေါ့… နောက်များ အခါအခွင့်သင့်ရင် ဖက်တီကပ်(Fattycat) အိမ်သာတက်တာလဲ ချောင်းရိုက်ပြီး တင်ဖို. အစီအစဉ်ရှိပါတယ်… ဟီးဟီးဟီး……….. 😛 😀