တစ်နေ့သ၌ ရွာ၏ နေညိုချိန် ထန်းတဲတစ်ခုတွင် လူတစ်စု ထန်းရည် သောက်နေကြလေသည်။ ထိုသူတို့အနက် ကိုလူကြီး ဆိုသူမှာ အပါအဝင် ဖြစ်လေသည်။ ကိုလူကြီးမှာ လွန်စွာ လူကောင် ကြီးမားသူတစ်ဦး ဖြစ်သည့်အပြင် မည်သည်ကိုမျှ မကြောက်တတ်၊ မည်သူ့ကိုမျှ မကြောက်တတ်သူ တစ်ဦးလည်း ဖြစ်ပေသည်။ ၎င်းတို့၏ ထန်းရည်ဝိုင်း အရှိန်ရလာချိန်တွင် လူပုလေး ဆိုသူက ကိုလူကြီး အား ဤသို့ စကားစလေသည်။ “ဘိုလူ ရေ … မင်းကိုတော့ တစ်ခုလောက် သတိပေးရဦးမယ်ကွ” “ဘာများလဲ … ဘယ်ကောင်က ငါ့ကို မကျေနပ်လို့လည်း ပြောစမ်းပါဦး” “ဘယ်ကောင်ကမှ မင်းကို မကျေနပ်လို့ မဟုတ်ဘူး၊ မင်းကို သတိပေးချင်တယ်ဆိုတာက မင်းအမေ ဒေါ်စိန်ထွား ကို ပြောတာ” “မင်းကလည်း […]