နွယ်ပင်November 15, 20111min24321
အခုတစ်လော အလုပ်ကများနေတာနဲ့ ရွာထဲကိုတောင်မ သေသေချာချာ မဝင်ဖြစ်တာကြာပြီ ဒီကြားထဲ ပြောချင်တဲ့ အကြောင်းအရာကလည်း ရှိဆိုတော့ အလုပ်ကို ဖြောင့်ဖြောင့်မလုပ်နီုင်ဘူး အလုပ်လေး နည်းနည်းအားတာနဲ့ ရွာထဲကို အပြေးအလွှားဝင်ပြီး ပိုစ့်ဖတ်ရတာလည်းအမောပေါ့ ။ ဒါနဲ့ အခုတစ်လော ဖုန်းသခိုးတွေသောင်းကျန်းနေတဲ့ အကြောင်း ရွာသူားတွေကို ပြောပြချင်နေတာ ။ ကိုယ့်တွေ့လေးလဲ ဖြစ်နေတော့ ………………. ဖြစ်ပုံကဒီလို xxxxxxxxxxxxx တန်ဆောင်မုန်းလပြည့်နေ့က အလုပ်ပိတ်ရက်ဆိုတော့ အိမ်မှာ အေးအေးဆေးဆေး အနားယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ ။လပြည့်နေ့မို့ မနက်စောစော သစ်သီးဆွမ်းကပ်ပြီး အိမ်ရာထဲဝင်ပြန်ကွေးလို့မှ မကြာသေးဘူး အိမ်ရှေ့မှာ အစ်မတော်ရဲ့ ပူညံပူညံအသံကိုကြားရတော့တာပဲ ။ “ဟဲ့ အခုလေးတင် ဒီနားမှာ အားသွင်းထားတာပါ ခုနက ငါဘုရားရှိခိုးနေတုန်းကလည်းရှိသေးတယ် ခဏလေးနောက်ဖေးဝင်ပြီး ပြန်ထွက်လာတော့ မရှိတော့ဘူး ကလေးတွေ ယူဆော့ကြသလား […]