Mr WorldWideAugust 15, 20131min1814
သင်သည် အလွန်ဝေးကွာသောနေရာ ၊သို့မဟုတ် ဖုန်းအားသွင်းရန် အလွန်ခက်ခဲသောနေရာများသို့ ရောက်ရှိနေပါက သင်၏စမတ်ဖုန်းကို စိတ်အနှောင့်အယှက်ကင်းရှင်းစွာဖြင့် Astro3 Portable Battery Pack ဖြင့် ပြန်လည်အားဖြည့်သွင်းနိုင်တော့မည်ဖြစ်ပါသည်။ Astro3  သည် သင်တို့၏ စမတ်ဖုန်းများကို လုံလောက်သော အားဖြည့်သွင်းပေးနိုင်မှု ၆ ကြိမ် ၊သို့မဟုတ် ရ ကြိမ်အထိ လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ ၎င်း Astro3 Portable Battery Pack  သည် USB ၃ ပေါက်ပါရှိပြီး တစ်ပေါက်စီတိုင်း၌ သင်တို့၏ Device များနှင့် တစ်ပြိုင်နက်တည်း ချိတ်ဆက်ကာ လုံလောက်သော အားပြန်လည်ဖြည့်သွင်းခြင်းကို လျင်မြန်စွာ လုပ်ဆောင်ပေးနိုင်ပါသည်။ Astro3 Portable Battery Pack သည် အလျား ၄.၄ လက်မ၊ အနံ ၃.၃ […]


Mr WorldWideApril 29, 20131min1534
Braille သည် မျက်မမြင်များအတွက် စာဖတ်ခြင်း၊ စာရေးခြင်းများပြုလုပ်နိုင်သည့် စနစ်တစ်ခု ဖြစ်သည်။ ၎င်းတွင် ကိန်းဂဏန်းများ၊ စာလုံးများနှင့် ပုဒ်မထည့်ခြင်းအစရှိသည်တို့အား အစက်ကလေးများဖြင့် ပြုလုပ်ထားပါသည်။ အဆိုပါအစက်ကလေးများအပေါ်တွင် လက်ချောင်းလေးများကို ရွေ့လျားခြင်းဖြင့် မျက်မမြင်များအတွက် စာဖတ်နိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အိနိ္ဒယအင်ဂျင်နီယာများအနေဖြင့် မျက်မမြင်များအတွက် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းအား ပြုလုပ်နိုင်ခဲ့ပြီး ၎င်းဖုန်းအနေဖြင့် မည်သည့်ဘာသာစကားဖြင့် ရေးသားထားသည့်စာမဆို မျက်မမြင်စာစနစ်သို့ ပြောင်းလဲပေးနိုင်ပါသည်။ အဆိုပါဖုန်းကို တီထွင်ခဲ့သည့် Sumit Dagar နှင့်အဖွဲ့သည် လွန်ခဲ့သည့် ၃ နှစ်ကပင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မျက်မမြင်စမတ်ဖုန်းတွင် Shape Memory Alloy နည်းပညာကိုအသုံးပြုထားပြီး ဖုန်း၏ မျက်နှာပြင်တွင် အပေါ်အောက်ရွေ့လျားရန်အတွက် ချိတ်ကဲ့သို့သော အရာလေးများပါဝင်ကာ ၎င်းအရာကလေးများသည် စာ၊သို့မဟုတ် အချက်အလက်များအား ကိုယ်စားပြုမည်ဖြစ်သည်။ ယခုဖုန်းသည် ဖုန်းအသုံးပြုသူများအတွက် […]


Mr WorldWideMarch 6, 20132min1044
Sumsung နှင့် Visa တို့သည် ခရက်ဒစ်ကဒ်၊ အကြွေးဝယ်ကဒ်များကဲ့သို့ မိုဘိုင်းဖုန်းများမှ လုပ်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဘာစီလိုနာတွင် ပြုလုပ်နေသော ကမ္ဘာ့မိုဘိုင်းနည်းပညာအစည်းအဝေး (Mobile World Congress-MWC) တွင် သူတို့သည် Samsung ၏ NFC (Near Field Communication) စနစ်ပါ ဟန်းဆက်များတွင် ဘဏ္ဍာရေးဆိုင်ရာအစီအမံတစ်ရပ်ကို ပူးပေါင်ဆောင်ရွက်မည်ဟု ကြေငြာခဲ့ပါသည်။ အနာဂတ် Sumsung ၏ NFC စနစ်ပါ ဟန်းဆက်များတွင် Visa ၏ Pay Wave Application များပါဝင်လာမည်ဖြစ်ပါသည်။ ၎င်းမှ ဈေးဝယ်သူများအား ငွေချေစက်တွင် မိုဘိုင်းဖုန်းအား ကပ်လိုက်ရုံဖြင့် ငွေချေပြီးသည့် အနေအထားကို ရရှိစေမည်ဖြစ်ပါသည်။ ကုမဏီများမှလည်း Mocile Wallet ၏ လုံခြုံရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။ Visa […]


Mr WorldWideMarch 5, 20131min1508
တောင်ကိုရီးယား၏ နည်းပညာကုမဏီကြီးတစ်ခုဖြစ်သော ဆမ်ဆောင်းမှ ၎င်း၏ Galaxy S Series စမတ်ဖုန်းမျိုးဆက်သစ်တစ်မျိုးကို တီထွင်လျက်ရှိကြောင်း ကောလဟ ထွက်လျက်ရှိပါသည်။ ဆမ်ဆောင်းအနေဖြင့် လူအများ မျှော်လင့်စောင့်စားနေသော S4 စမတ်ဖုန်းသစ်ကို မတ်လ ၁၄ ရက်နေ့တွင် စတင်ဖြန့်ချီတော့မည်ဟု ကြေငြာခဲ့ပါသည်။ ဆမ်ဆောင်းအနေဖြင့် မတ်လ ၁၄ ရက်နေ့၌ နယူးယောကြ်မို့တွင် ယခင်က မပြုလုပ်ခဲ့ဖူးသော ပွင့်လင်းမြင်သာသည့် ဆမ်ဆောင်းပြပွဲတစ်ခုကို ကျင်းပပြုလုပ်မည် ဖြစ်ပေသည်။ ၎င်းပြပွဲတွင် S4 စမတ်ဖုန်းကို ပွဲထုတ်လိမ့်မည် ဖြစ်ပေသည်။   s4 သည် Android ၏ version ဖြစ်သော 4.2.2 Jelly Bean ကို အသုံးပြုထားသည်ဟု အများက ပြောဆိုနေကြပါသည်။ ဖုန်းသည် ၄.၉၉ လက်မအရွယ်ရှိပြီး Super […]


Mr WorldWideFebruary 18, 20131min650
Apple ကုမဏီသည် ၎င်း၏ မူပိုင်ထုတ်လုပ်ထားသော ပစ္စည်းများနှင့် ပတ်သက်၍ လျှို့ ဝှက်ဖုံးကွယ်ထားတက်ပါသည်။ သို့သော် မကြာသေးမီက ၎င်းကုမဏီ၏ မူပိုင်နည်းပညာဖြင့် တီထွင်ထားသော နေရောင်ခြည်စွမ်းအင်သုံး I-Phone အကြောင်းကို ထုတ်ဖော်ကြေငြာလိုက်ရာ လူအများ စိတ်ဝင်စားခဲ့ကြပါသည်။ ၎င်း၏ I-Phone တွင် Touch Screen နှင့် Solar စနစ်ကို ပူးတွဲတည်ဆောက်ထားကြောင်း သိရှိရပါသည်။ လူအများမျှော်လင့်ထားသော နည်းပညာဖြစ်သည့် နေရောက်ခြည်စွမ်းအင်အား  ၎င်း၏ I-phone တွင် ထည့်သွင်းအသုံးပြုနိုင်ပါက နည်းပညာအသိုင်းအဝိုင်းတွင် သန့်ရှင်းသော စွမ်းအင်ကို ကောင်းစွာအသုံးချနိုင်သည့် ကုမဏီတစ်ခုဖြစ်လာပေလိမ့်မည်။ မိုဘိုင်းဖုန်းများတွင် နေရောက်ခြည်စွမ်းအင် Solar Energy  အား ထည့်သွင်းအသုံးပြုခြင်းကို တစ်ကမ္ဘာလုံးက လက်ခံကြိုဆိုကြမည်ဖြစ်ပြီး Apple ကုမဏီအနေဖြင့် သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူများ၏ ချီးမွမ်းခြင်းကို ခံရမည်ဖြစ်ပေသည်။ […]


Mr WorldWideFebruary 8, 20131min1463
တောင်ကိုးရီးယားနိုင်ငံမှ သုတေသနပြုသူများသည် ကွေးနိုင်ဆန့်နိုင်သော ဘက်ထရီတစ်မျိုးကို ပြုလုပ်နိုင်ခဲ့ခြင်းသည် လာမည့်နှစ်များတွင် ကွေးနိုင်ဆန့်နိုင်သော စမတ်ဖုန်းများအား ထုတ်လုပ်နိုင်ရန် အတွက် ခြေလှမ်းတစ်ခုပင် ဖြစ်ပါသည်။ အူဆန်သိပံ္ပနှင့်နည်းပညာတက္ကသိုလ်မှ သုတေသနအဖွဲ့က သာမန်ဘက်ထရီများထက် ပိုမိုကောင်း မွန်သော ပေါ်လီမာ အီလက်ထရိုလိုက်(Polymer Electrolyte) ဘက်ထရီပုံစံသစ် တစ်မျိုးအား ထုတ်လုပ် နိုင်ခဲ့ပါသည်။ ကိုးရီးယားသိပံ္ပဝန်ကြီးဌာနမှ ပြောခွင့်ဆိုခွင့်ရှိသူတစ်ဦးမှ ကိုးရီးယား ဂျွန်ဝမ်းသတင်းစာသို့ ပြောကြားရာတွင် လီသီယမ်အိုင်ယွန် ဘက်ထရီ(Lithium-ion Batteries)များတွင်  ပေါ်လီမာ အီလက် ထရိုလိုက်ကို အသုံးပြုခြင်းအားဖြင့် ပြဿနာအနည်းငယ် ရှိနိုင်သည်ဟုဆိုပါသည်။ အဆိုပါ ပြဿနာမှာ အီလက်ထရိုလိုက်အား ခွဲခြားထားသော ဖလင်ကော်ပြားလေးများသည် အပူကြောင့်ပျော်သွားပါက ၎င်းတွင် ပါဝင်သော အဖိုနှင့် အမဒြပ်စင်များသည် အချင်းချင်း ဆွဲဆောင်၍ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်ခြင်းပင် ဖြစ်ပါသည်။ ပြီးခဲ့သည့် အပတ်က […]