etoneNovember 1, 20111min21342
ရေးရလျှင်လည်း etone တို့ ကြုံလည်း ကြုံတတ်ပြန်တယ် ဖြစ်ဦးမယ် … ကံဇာတာကိုက ကတ်သီးကပ်ဖဲ့ပါလာလေသလား မပြောတတ်တော့ပါဘူး … ဘုကျကျ ဂွကျကျဆိုတဲ့အဖြစ်ပျက် အတော်များများနဲ့ ကန့်လန့်တိုင်ခြင်းခံခဲ့ရတာများတော့… တုံ ့ပြန် အရွဲ ့တိုက်တတ်တဲ့ အကျင့်လေးကျွန်မမှာ စွဲကျန်ခဲ့တယ်လေ … ။ အရာရာတိုင်းမှာ အသွားနဲ့အပြန် ၊ အကျိုးနဲ့ အကြောင်းရှိစမြဲမို့ ကြုံလာတဲ့ အခြေနေပေါ်မူတည်ပြီး ကျွန်မရဲ့ တုံ ့ပြန်ပုံကွာခြားပါတယ် … ဒီတခါလည်း ကြုံရပြန်ပါတယ်  …. ။ %%%%%%%%%%%%%%%%% မနေ့ကညဘက် ကျွန်မ အလုပ်ကနေ အိမ်ကို ကားငှားပြန်တော့… ဘုရင့်နောင် တံတားဖြတ်သန်းခ ကောက်ခံရေးစခန်း အလွန်လေးမှာ အရပ်ဝတ်နဲ့ရော ၊ ယူနီဖောင်းဝတ်တွေရော ၊ ရပ်မိရပ်ဖ ဖြစ်ဟန်တူသူတွေရောဆယ်ယောက်ခန့် ဓါတ်မီး […]