ရှေးဟောင်းအမွေအနစ်တစ်ခုဆိုတာ ကိုမပျောက်ပျက်ရလေအောင် ထိန်းသိမ်းရမယ့် တာဝန်ဟာ ကျနော်တို ့လူငယ်တွေ နဲ ့ရော လူကြီးတွေနဲ ့ပါဆိုင်ပါတယ်။သံတွဲမြို ့ဈေးကို တဈေးလုံးပြာကျစေခဲ့တဲ့ ဖေဖော်ဝါရီလ(၁၁)ရက်နေ ့ လောင်ကျွမ်း  ခဲ့ သော  အမျိုးအမည်မသိရသောမီးလောင်ကျွမ်းမှုတွင်အဆောက်အအုံတစ်ခုကျန်ရှိနေခဲ့ပါတယ်။သမိုင်းကြောင်းက ကျနော်သိသလောက်ပြောပြမယ်ဗျာ။အင်္ဂလိပ်တွေ ရခိုင်နဲ ့တနင်္သာရီမှာ ခြေကုပ်ယူထားပြီးချိန်ဖြစ်တဲ့၁၈၂၄-၁၈၅ဝ ကြားမှာတည်ဆောက်ခဲ့တဲ့ အဆောက်အဦးဖြစ်ပါတယ်။မူလတည်ဆောက်ခဲ့စဉ်က အင်္ဂလိပ်တို ့ ၏အကျဉ်းထောင်ဖြစ်ပြီး ကျွန်ုပ် တို ့၏တိုင်းရင်းသားများကို နှိပ်စက်ခဲ့ရာနေရာဖြစ်၍ ရှေးဟောင်းအမွေအနစ်အဖြစ် ရခိုင်တမျိုးသားလုံးပိုင်(သို့ မ ဟုတ်) နိုင်ငံပိုင်အမွေအနစ်ဖြစ်ပါသည်။ ၂၀၁၂ခုနှစ်၊ဖေဖော်ဝါရီလ၁၁ ရက်နေ ့မီးတွင်ယခုမြင်တွေ ့ နေရသောအဆောက်အအုံ တလုံးသာမီးထဲ မပါသွားဘဲ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းကိုဈေးအဖြစ်သုံးလာရာနှစ်ပေါင်း၁၀ဝကျော်ရှိနေပြီဖြစ်ပြီး၊ယခု အဆောက်အဦးနှင့် ပုံစံတူ၊အရွယ်ငယ် (၄)လုံး အပါအဝင် ကြိုးတိုက်ပါ မီးထဲပါသွားခဲ့လေပြီ။ရန်ကုန်တက္ကသိုလ်ထက်ပင်ရှေး ကျသော၊ရခိုင်အမျိုးသားတို ့၏သမိုင်းအမွေအနစ်ဖြစ်သော ဤအဆောက်အဦးကိုဖယ်ရှား၍ဈေးသစ်ဆောက်မည်ဆိုသည်မှာ  စဉ်းစားစရာဖြစ်ပါသည်။ယခုအဆောက် […]