ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော် သမ္မတရုံးကနေထုတ်ပြန်ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မမည်သော လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းကိုအားလုံးသောရွာသူ၊ရွာသား များသိပြီးဖြစ်မှာပါ။ ၂၀၁၂ ခု၊ဇန်နဝါရီလ (၂)ရက်နေ ့မှာနိုင်ငံပိုင်သတင်းစာတွေကနေ တရားဝင်ထုတ်ပြန်လိုက်တော့ အားရဝမ်းသာဖြစ်ရမယ့်အစားဗျာ စိတ်မကောင်းစရာ သတင်းတစ်ပုဒ်သွားဖတ်မိပြန်ပါရော။တခါမှကို စိတ်ဝင်တစားမဖတ်တဲ့ ဆောင်းပါးတွေပါ။စာရေးတဲ့သူက“ရန်ကြီးအောင်”၊ခေါင်းစီးက“အားသစ်မာန်သစ်-နိုင်ငံသစ်”ပါတဲ့။ရေးထား၊ပြောထားတာတွေအားလုံးကတော့ စာရွက်ပေါ်မှာတော်တော်လေး ကောင်းတယ်ဗျာ။လက်တွေ ့လူမှု ဘဝတွေမှာတော့ဖြင့်……?? သူရေးထားတာတွေထဲက အမှားကြီးမှား၊အလွဲကြီးလွဲနေတဲ့အကြောင်းအရာတစ်ခုက… “ဒီမိုကရေစီ ကျင့်စဉ်နှင့် ပတ်သက်၍ အခြေခံဥပဒေပါ နိုင်ငံသားတို ့၏အခွင့်အရေးနှင့် ပတ်သက်၍ အကာအကွယ်ပေးနိုင်ရန် အမျိုးသားလူ ့အခွင့်အရေးကော်မရှင်ကို ဖွဲ ့စည်းပေး ခဲ့သည်မှာ မှတ်သားဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်သည်။အာဆီယံအသင်းဝင် ဆယ်နိုင်ငံ အနက် လွတ်လပ်သော လူ ့အခွင့်အရေး စောင့်ကြည့်ထိန်းသိမ်းရေး အဖွဲ ့အစည်းရှိသည့် နိုင်ငံ(၅)နိုင်ငံသာရှိပြီး ယင်းတို ့အနက် မြန်မာအမျိုးသားလူ ့အခွင့်အရေးကော်မရှင်မှာ နိုင်ငံ တကာစံအဖြစ် သတ်မှတ်ထားသည့် ပဲရစ်အခြေခံသဘောတရားများနှင့်အညီ ဖွဲ […]