နွေဦးMay 23, 20139min24112
သံဝေဇနိယ လေးဌာနမှာ ဖွားတော်မူရာ အရပ်သာလျှင် နီပေါ နိုင်ငံတွင်းမှာ ရှိပြီး ကျန်သုံးဌာနက အိန္ဒိယ ပြည်ထဲမှာသာရှိပါတယ် ။ ဘုရားဖူးခရီးစဉ်မှာ အိန္ဒိယနိုင်ငံဘက်ကနေ နီပေါနိုင်ငံကို နယ်စပ်က ဖြတ်ပြီးမှလုမ္ဗိနီဥယျာဉ်ရှိရာကို ရောက်ရပါတယ် ။ လုမ္ဗိနီဥယျာဉ်ရှိရာတည်နေရာကို ၁၈၉၆ ခုနှစ်က အိန္ဒိယ ကျောက်စာဝန် အလက်ဇန္ဒား ကန်နင်ဟမ် ကရှာဖွေ တွေ့ပြီး သတ်မှတ်နိုင်ခဲ့ပါတယ် ။ အဲဒီနေရာကို နီပေါ အစိုးရက တောများရှင်းလင်းပြီး တူးဖေါ်ခဲ့ပါတယ် ။အဲဒီမှာ ဓမ္မသာလာ ဇရပ်တခုဆောက်ပြီး ဘုရားဖူးများ အခမဲ့တည်းခိုနိုင်အောင် နီပေါအစိုးရက လုပ်ပေးခဲ့ပါတယ် ။ ၁၉၆ရခုနှစ် တွင် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က လုမ္ဗိနီဥယျာဉ်ကို ဘုရားဖူးလာပြီးနောက် လုမ္ဗိနီ ဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ရန် ဆုံးဖြတ်ပေးခဲ့ပါတယ် ။ ဦးသန့်ဆောက်လုပ်လှူခဲ့တဲ့ ဇရပ် တဆောင်ကိုလည်း တွေ့ခဲ့ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ် ။ ဦးသန့်ရဲ ကြိုးပမ်းမှုကြောင့် ကမာ္ဘက […]