ရွှေအိမ်စည်August 22, 20111min2308
ကြွေကြတော့မယ့် ပန်းတပွင့် ( ဝါ ) ဧရာဝတီ သူ့ ခနာ္တဟာ ကောက်ကွေ့တဲ့ မျဉ်းတစ်ကြောင်းဆိုရင် သူ့ဦးခေါင်းက အလွန်လှပတဲ့ မြစ်ဆုံဒေသပေါ့…. သွေးကြောတွေ ယှက်နွယ်နေပုံလေးက နူးညံ့ပျော့ပြောင်းလှပေမယ့် သူ့ခြေထောက်က ဗမာပြည်ရဲ့ ဆန်အိုးကြီးကို မရွဲ့စောင်းအောင် သယ်ပိုးထားသူလေ…….။ သူ့အလှလား… နန်းအဆက်ဆက်တိုင်းမှာ အလှဘုရင်မဘွဲ့ခံ စာဖွဲ့ပြဖို့ ကြိုးစားသူတိုင်း ကြည်နူးစွာ ယစ်မှုးခဲ့ကြပေမယ့် ပြည့်စုံအောင် မဖော်ပြနိူင်ဘဲ ချီးကြူးသွားခဲ့ကြတယ်…..။ သူ့အလုပ်လား တောတောင်တွေ စိမ်းလန်းနေအောင် သစ်ပင်တွေကို နေ့စဉ် ရေလောင်း ပြည်သူလူထု အပေါင်းကို ရေေဝေ လေးလံလှတဲ့ ကုန်စည်များကို ထမ်းရွှက် မြန်မာနိူင်င်အထက်နဲ့အောက် မရပ်မနာ လမ်းလျှောက် တိုင်းပြည်အကျိုးကို နေ့စဉ် သယ်ပိုး သူ့ရဲ့အလုပ်ကြိုးစားမှု ဘယ်သူက ယှဉ်ပြိုင်နိူင်မှာလည်း …..။ အခုတော့ ရာဇဝင်ရိုင်းပြီ […]