ဦးသုJanuary 12, 20153min18016
ဒီနေ့ ကျွန်တော် ဝိရိယတွေ လွှတ်ကောင်းနေသည်။ မနက်အစောကြီးအိပ်ယာထသည်။တစ်ကိုယ်ရေသန့်ရှင်းမှုကိုအကောင်းဆုံးဖြစ်အောင်လုပ်သည်။ ယောက်ျာလေးတစ်ယောက်အတွက် အလွန်အကျွံမဖြစ်စေသော ရေမွှေးတော်သင့်ရုံသာဆွတ်သည်။ ပြင်ရင်းဆင်ရင်း ကျွန်တော့်အသက်ထက် ၂နှစ်ကြီးသော ဖယ်ရီစီးဖော် ဖိုင်နယ်ရီးယားမှ ဝါရင့်အစ်ကိုကြီးတစ်ယောက်၏ စကားကို ကြားယောင်နေသည်။ ညီလေး အရမ်းမရိုးနဲ့ကွ တစ်ချို့မိန်းကလေးတွေက အရမ်းရိုးတာမကြိုက်ဘူးဟ မင်းကသာမထိရက်မကိုင်ရက် ဟိုက ဒါလေးတောင် အသုံးမကျတဲ့ကောင်ဆိုပြီး အနူးအနှပ်တော်တဲ့သူနဲ့တွေ့ရင်ပါသွားရောဟ။   အဲဒီအစ်ကိုကြီးရဲ့စကားကိုကျွန်တော်အပြည့်အဝယုံကြည်သည်။ ဒါပေမယ့် ဒီနေ့ ဗယ်လင်တိုင်းဒေး  မှာ အဆင်ပြေပါ့မလား မနက်ကထဲက အတူနေဖို့ကိစ္စ သွားစည်းရုံးမိလို့ စိတ်ကောက်ပြီး တနေကုန်ချော့နေရလျှင်အဆင်ပြေမည်မဟုတ်။  နောက်ပြီး ကျွန်တော်က အခု First year ၂၀၁၄ ဒုတိယနှစ်ဝက်ဆိုတော့ အဲဒါတွေအတွေ့အကြုံမရှိဘူးသေးဘူးလေ။ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော်က ပထမနှစ်ဝက် ဩဂုတ် မှာစကြိုက်တာပါ။ တခြား ဘော်ဒါအတွဲတွေကတော့ အဲဒါမျိုးအတွေ့အကြုံတွေက ရိုးနေပြီတဲ့။ ကျွန်တော်တစ်ယောက်ထဲသာ အခုအချိန်ထိ […]