Ko chogyiJuly 27, 20121min1076
Channel 7 ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်ဆိုတဲ့ အစီစဉ်လေးကို စောင့်ကြည့်ရင်းမေးခွန်းတွေမှာ ကမ်ဗောဒီးယားနိုင်ငံအကျယ်အဝန်း၊ အင်ဒိုနီးရှားနိုင်ငံအကျယ်အဝန်းစသည်ဖြင့် မေးခွန်းတွေမေးတာ တွေ့မိပါတယ်။ အဲဒါနဲ့ ကျွန်တော်တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ရာ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ နယ်နိမိတ်အကျယ်အဝန်းအကြောင်း ရေးရရင်ကောင်းမယ်ဆိုပြီး စိတ်ကူးပေါ်လာတာနဲ့ ဟိုစာအုပ်ဆွဲထုတ်၊ ဒီစာအုပ်ဆွဲဖတ်ပြီး စာတစ်ပုဒ်ဖြစ်အောင် ရေးလိုက်မိပါတယ်။ သိပြီးသူများလည်းပြန်သတိရအောင်၊ မသိသေးရင်လဲမှတ်လို့ရအောင်၊ သိသလိုလို မသိသလိုလိုဆိုရင်လဲ သေချာသွားအောင် စေတနာနဲ့ပါ။ လိုအပ်တာ ပြင်ဆင်စရာ ရှိတာ၊ ဖြည့်စွက်ချင်တာရှိရင်း ဝိုင်းဝန်းကူညီကြပါ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသားများ စုပေါင်းမှီတင်းနေထိုင်ရာ ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ မြောက်လတ်တီတွဒ် ၉ ဒီဂရီ ၃ဝ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁၀၁ ဒီဂရီ […]