Mr WorldWideFebruary 21, 20132min1125
ကီလိုမီတာ ၃၆၀၀ဝ အမြင့် Geosychronous ပတ်လမ်းတွင် ပျံသန်းနေသော ဆက်သွယ်ရေး ဂြိုလ်တုများသည် အီလက်ထရောနစ်နှောက်ယှက်မှုစနစ် (Jamming) ဖြင့် ကြုံတွေ့နေရခြင်း ပိုမိုဖြစ်ပွားနေပါသည်။ စစ်ဘက်ပညာရှင်များအနေဖြင့် Frequency Hopping and DSSS ( Direct Sequence Spread Specturn) စနစ်များအား အသုံးပြု၍ အီလက်ထရောနစ်နှောက်ယှက်မှုအား တန်ပြန်တိုက်ခိုက်နေရပါသည်။ သို့သော် အရပ်ဘက်ဆုံး ဂြိုလ်တုများအနေဖြင့်မူ အဆိုပါ Anti-Jamming ပစ္စည်းများကို တပ်ဆင်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဂြိုလ်တုထိန်းချုပ်သူများအနေဖြင့် အဆိုပါပစ္စည်းများအား အသုံးပြုရန် လိုအပ်ချက်ဖြစ်လာပါသည်။ ထို့ပြင် အဆိုပါနှောက်ယှက်မှုကြောင့် အချက်အလက်အများအပြား မပေးပို့နိုင်ကြောင်းကိုလည်း တွေ့ရှိရပါသည်။ တဆက်တည်းမှာပင် နှောက်ယှက်သူများအနေဖြင့်လည်း ပိုမိုတိုးတက် နှောင့်ယှက်လာခဲ့ပါသည်။ ဥပမာအားဖြင့် ဆီးရီးယားနှင့်အီရန်တို့သည် သတင်းဌာနများအပေါ် အီလက်ထရောနစ်နှောက်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်ဟု ဘီဘီစီ၊ ပြင်သစ် […]