who whoFebruary 13, 20121min801
“ဗိုလ်ချုပ်အောင်ဆန်း၏ ခံယူချက်နှင့် ပတ်သက်၍ သူသည် ဂေါတမ မြတ်စွာဘုရား၏ ကာလာမသုတ္တန်လာ ဝိဘဇ္ဇဝါဒကို ကြိုက်နှစ်သက်သူ ဖြစ် ကြောင်း သိရ၏။ ပုထုဇဉ်လူသားတိုင်း အမှားနှင့်မကင်းနိုင်သဖြင့် အမှားလုပ် မိပါက ကိုယ့်အမှားကိုယ်သိပြီး အမှန်ရောက်အောင် ပြင်နိုင်သူ၊ ပြင်ရဲသူဖြစ်ဖို့ သာ အရေးကြီးသည်ဆိုသည့် ခံယူချက်မျိုးရှိသူလည်း ဖြစ်၏။ လူ့ဘဝ လူ့လောက ဆိုသည်မှာ အကြောင်းကြောင့် ဖြစ်သည့် အကျိုးတရားများ စဉ်ဆက်မပြတ်ဖြစ်နေသည့် ကြောင်းကျိုးဖြစ်စဉ်ကြီးမျှသာ ဖြစ်သည်။ အကြောင်းကင်းသည့် အကျိုးတရားဟူ၍ မရှိ။ ထို့ကြောင့် အကြောင်းကောင်း လျှင် အကျိုးကောင်းမည်။ အကြောင်းမကောင်းလျှင် အကျိုးမကောင်းနိုင် ဟု လည်း ခံယူသူဖြစ်ကြောင်း သူ့စာပေလက်ရာများတွင် ပေါ်လွင်နေသည်။” ဟူ၍ ဗိုလ်ချုပ်ရဲ့ ခံယူချက်နှင့် ပတ်သက်လို့ ရေးသား ဖော်ပြထားတာကို ဖတ်လိုက် ရပါသည်။ […]