မြစပဲရိုးFebruary 15, 20151min38427
ကျွန်မ ဘာမှ မဟုတ်ပါ။ . မြန်မာပြည် ထဲ က ချို့တဲ့လွန်းတဲ့ ကလေးများ အတွက် အနာ ရှိခဲ့သော သာမာန် မိန်းမ တစ်ယောက် သာပါ။ ထို ကလေး များ အတွက် တရားမျှတ သော အုပ်ချုပ်မှု ကို လိုချင်ရုံပါဘဲ။ ထို အုပ်ချုပ်မှု ပုံစံ မရမချင်း ကျွန်မ ချစ်တဲ့ ကလေးငယ်များ ဆင်းရဲတွင်းထဲ နက်မြဲနက်နေဦးမှာပါ။ ၁၉၈၈ မဟုတ်တော့ပါ။ ၂၀၁၅ မှာ မြန်မာပြည်ထဲ လူတန်းစား ကွာလွန်းနေပါပြီ။ ချမ်းသာသူများ ဒီ အရေးမှာ တကယ် ဝင်မပါပါ။ တကယ် ထပ်ပြီး ဒုက္ခ ရောက်မှာ လက်ရှိ ဆင်းရဲ နေပြီး လက်လုပ်လက်စားသမားများပါ။ တကယ်လို့ […]


မြစပဲရိုးFebruary 14, 20151min79623
၁၉၄၄ခုနှစ် ဩဂုတ်လတွင် စတင်ဖွဲ့စည်းလာခဲ့သော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးသည် ၁၉၄၅ ဩဂုတ်လတွင် ဂျပန်စစ်တပ်များ လက်နက်ချပြီးသောအခါ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ဟု အမည်ပြောင်းလွှဲ ခေါ်ဝေါ်စေခဲ့၏။ ထို့နောက် မြန်မာပြည်အနှံ့အပြား မြို့ရွာတိုင်းတွင် (ဖဆပလ) အဖွဲ့ခွဲများကို ပြင်ဆင်ဖွဲ့စည်းပြီး လျှင် လူထုစည်းရုံးလှုပ်ရှားရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ဇန်နဝါရီလ တွင် မြို့ရွာတိုင်း၌ ဖွဲ့စည်းပြီးသော အဖွဲ့များကို အခြေခံထားလျှက် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံရေးဆိုင်ရာ ညီလာခံကြီးကို စည်းဝေးကျင်းပခဲ့လေသည်။ ယင်းနိုင်ငံရေးဆိုင်ရာ ညီလာခံသဘင်ကြီးကို ဇန်နဝါရီလ ၁ရ ရက် နေ့မှ စတင်ကျင်းပလေရာ ညီလာခံ၌ ဖဆပလဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ၂ဝရက်နေ့တွင် ပြောကြားသော အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်းထဲ မှ […]