နွယ်ပင်July 20, 20112min25717
ဗိုလ်ချုပ်ပြတိုက်သို့ အဝင် ။ အဝေးကနေလှမ်းရိုက်ထားသော ဗိုလ်ချုပ်ပြတိုက် ။ အဝေးကနေလှမ်းရိုက်ထားသော ဗိုလ်ချုပ်ပြတိုက် ။ ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်ကြသူများ ။ မနေ့က အာဇာနည်နေ့ဆိုတော့ သူငယ်ချင်းတွေစုပြီ ဗိုလ်ချုပ်အောင်းဆန်းပြတိုက်ကို သွားဖြစ်ခဲ့ကြတယ် ။ နက်မောက်လမ်းကို ရောက်တော့ ဗိုလ်ချုပ်ပြတိုက်ကို သွားကြည့်ကြမယ့် သူတွေက အများသားပဲ ။ ဗိုလ်ချုပ်ပြတိုက် ရှေ့ရောက်တော့ အထဲတည်းက ပြထားတာတွေကို ဓာတ်ပုံရိုက်မယ်ပေါ့ ပြီးရင် မသွားဖြစ်တဲ့ သူငယ်ချင်းတွေကို ပြမယ်ဆိုပြီး အားခဲထားတာ ပြတိုက်အဝင်ဝမှာက ဆိုင်းဘုတ်ကြီးက ဆီးကြိုလို့ ။ ဝင်ပေါက်တွင် ကင်မရာ ၊ လက်ကိုင်ဖုန်း နှင့် MP3 / MP4 တို့အားယူဆောင်ခွင့် မပြုသော ဆိုင်းဘုတ် ။ အဲတာနဲ့ ပါလာတဲ့ ပစ္စည်းလေးကို အလုအယက်အပ်ပြီး […]