နွယ်ပင်November 27, 20101min28020
နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာကတဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမာ္ဘအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့် ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။ “ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ […]