winkyawaungAugust 30, 20101min722
12-4-2010 ဗာရာဏသီ မှ သင်္ကဿ သို့ နံနက်(၈)နာရီမှာ ဗာရာဏသီပြည် မိဂထာဝုန်တောမှ ပြန်လည်ထွက်ခွါခဲ့ကြပါတယ်။ မိုင်ပေါင်း(၃၀၀)ကျော်ဝေးသော သင်္ကဿသို့ တစ်နေကုန်ကားစီးခဲ့ရပါတယ်။ည (၉)နာရီမှ သင်္ကဿ မြန်မာကျောင်းသို့ ရောက်ကြပါတယ်။ နံနက်စာ ထမင်းကို လမ်းမှာစားခဲ့ကြပါတယ်။ ဒီသင်္ကဿ နယ်မြေဟာ မြတ်စွာဘုရားရှင်၏ မိခင်မယ်တော်မာယာ အား ကျေးဇူးဆပ်ရန် နတ်ပြည်သို့ အသွား၊ အပြန် ကြွမြန်းသော ဌါနနေရာဖြစ်ကြောင်းသိရပါတယ်။ အဲဒီမှာ ရွှေစောင်းတန်း၊ ငွေစောင်တန်း စေတီတော်များ တည်ထားကြောင်းသိရပါတယ်။ နယူးဒေလီမှ အပြန်တွင် ဝင်ရောက်ကြည်ညိုကြရန် သိရပါတယ်။ ညတုံးက အလာလမ်းတွင် အန္ဒိယနိုင်ငံ ယူပီပြည်နယ်မှ ဒေဝေါလ်မြို့သို့ ည(၈)နာရီခန့်ဖြတ် သန်း လာရာ လမ်းဘေးမှ ကုလားများက ကျွန်တော်တို့စီးလာသော ကားကို ခဲဖြင့် နှစ်ချက်အထုခံရပါတယ်။ ကားတွင်မှ ထွန်းထားသောမီးများကို […]