winkyawaungSeptember 7, 20104min1823
၂၁-၄-၂၀၁ဝ ခု၊ ရာဇဂြိဟ် မှ ဗုဒ္ဓဂယာ ညအိပ် နံနက်ပိုင်း ဂိဇ္ဇကုဋ်တောင်သို့တက်ကြပါတယ်.။ ဆရာတော် ဦးဧဒ္ဓိမာ က တောင်ငါးလုံးဝိုင်းရံခို ရာဇဂြိဟ်ပြည်၏ ဗုဒ္ဓဝင်ဇာတ်တော်ကို ရှင်းလင်းဟောကြားပါတယ်။ ဂျပန် ကောင်းကင် တောင်တက်စတီးကြိုးပြတ်၍ ခြေလျင်တက်ခဲ့ကြပါတယ်။ မြတ်စွာဘုရားရှင် ကျောင်းတော် နေရာမှာ ပရိတ်တော်များဖြင့်ရွတ်ဖတ်ပူဇော်ကြပါတယ်။ မြေပုံပါအတိုင်း ဆရာတော်က ရှင်းလင်းပြပါတယ်။ တောင်ငါးလုံးဝိုင်းရံခိုဆိုတာက (၁) ဝေဘာလတောင် (ပထမ သံဃာရတနာတင်သော နေရာ) (၂) ဝေပုလ္လတောင် (မြတ်စွာဘုရားသခင် ကိုယ်တော်မြတ် ကြီးအား ကျောင်းတော်စတင်လှူူဒါန်းသောနေရာ၊ ရေစက် စတင်ချပေးသောနေရာ သက္ကန်းစတင် လှူသောနေရာ များဟု ထူးခြားပါတယ်။ (၃) ဂိဇ္ဈကုဋ်တောင်၊ ဒေဝဒတ်က ဘုရားရှင်အား သွေးစိမ်းရှင်ရှင်ထွက်အောင် ပြုလုပ်သော နေရာ။ (၄) ပဏ္ဍဝတောင် (၅)က္ကသိဂိ လိတောင်များကို […]