ashinthusittaDecember 19, 20111min662
စိတ်သည်ကမ္ဘာလောထဲရှိ သက်ရှိသတ္တဝါ အားလုံးအတွက် အဓိက အင်္ဂါရပ်တခုဖြစ်၏။မိမိ၏ စိတ်နှလုံးထဲ၌ မှန်ကန်သော ကြံစည်စဉ်းစားမှု ကောင်းသောကြံရွာယ်ချက်များ ထားရှိခြင်းသည် ဘဝ၌ အောင်မြင်မှုအတွက် အလွန်အရေးကြီး၏။အဘယ့်ကြောင့်ဆိုသော် ထိုမှန်ကန်သည့် စိတ်အကြံအစည်က ဘဝ၏ အရွယ်အပိုင်းအခြားအသီးသီးတိုင်း၌ မှန်ကန်သည့် ဆုံးဖြတ်ချက်နှင့် မှန်ကန်သည့်လုပ်ဆောင်မှုသို့ သူ့ကို ပို့ဆောင်ပေးသောကြောင့် ဖြစ်၏။မှန်ကန်သည့်အကြံအစည် မှန်ကန်သည့် လုပ်ဆောင်မှုနှင့်ပြည့်စုံသော ပုဂ္ဂုလ်သည်မိမိစတင် လုပ်ဆောင်သည့် အလုပ်ဟူသမျှ၌ ထုံးစံအားဖြင့် အောင်မြင်တတ်၏။မှန်သောအမြင် မှန်သော အကြံအစည်(အတွေးအခေါ)တို့သည် မိမိ၏ လုပ်ဆောင်မှုဟူသမျှကို အုပ်ချုပ်ထားသင့်သည်။ သူသည် ထိုမှန်သောအမြင်မှန်သောအကြံအစည်များ မရှိခဲ့လျှင်၊ မိမိဘဝ၏ အခွင့်အရေးကေင်းများကိုဧကန်လက်လွတ် ဆုံးရှုံးသွားရမည်ဖြစ်၏။ ကမ္ဘာပေါ်ရှိ ကြီးမြတ်သည့်ပုဂ္ဂုလ်တို့သည် မှန်သည့်အမြင် မှန်သည့်အကြံအစည် တို့က လမ်းလွှန်ပေးခဲ့သည့်ပုဂ္ဂုလ်များဖြစ်ကြ၏။ ဤဂုဏ်များနှင့်ပြည့်စုံသည့် လူတွေအားလုံးတို့သည့်မိမိတို့၏ စိတ်နှလုံးများ၌မြဲမြံသည့် ကြံရွယ်ချက်ကို ထားရှိ၍ မှန်ကန်သည့်လမ်းကြောင်း၌ မိမိတို့၏ ကိုယ်အားဉာဏ်အား-ဇွဲလုံ့လ […]