koyin sithuJanuary 13, 20121min19220
ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာဟာ ဘုရားအဖြစ်သို့ရောက်လို့ ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘဝက ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်တဲ့။ ဘုရားရဲ့ဘဝနဲ့ ဆက်စပ်ပြီး ကြည့်ရအောင်ဗျာ။ အားလုံးသိတဲ့အတိုင်း မြတ်စွာဘုရားအလောင်းဟာ ပါရမီဆယ်ပါး အပြားသုံးဆယ် ဖြည့်ကျင့်ပြီးတော့ ဘုရားအဖြစ်သို့ရောက်လာတာ။ နည်းတဲ့ ကုသိုလ်တော်တွေမဟုတ်ပါဘူး။ ကုသိုလ်ကောင်းမှု အင်မတန်များမှ များတယ်။ အဲ့ဒီလောက်များတဲ့ ကုသိုလ်ကောင်းမှုတွေကို ဆည်းပူးအားထုတ်လို့ ဘုရားဖြစ်လာတောင်မှ ဟောဒီ ခန္ဓာကြီးရှိနေတဲ့အခါမှာ တစ်ကြိမ်တစ်ခါမှားခဲ့တဲ့ အကုသိုလ်ကံဟာ အခွင့်ရရင် ရသလို ဝင်ရောက်ပြီးတော့ နှောက်ယှက်တာလေးတွေ ရှိနေပါသေးတယ်။ သူကဘာဖြစ်လို့ အခွင့်ရနေသလဲဆိုရင် ကံရဲ့ အကျိုးဆက်ဖြစ်တဲ့ ခန္ဓာကြီးရှိနေလို့ အခွင့်ရနေတာပါ။ ဒီခန္ဓာကြီးမရှိရင်တော့ သူ့အခွင့်အရေးမရနိုင်တော့ပါဘူး။ မြတ်စွာဘုရားရဲ့ ဘဝကို ကြည့်လိုက်၊ မြတ်စွာဘုရားဟာ လူ့ဘဝကိုရလာပြီးတဲ့အခါမှာ သက်တော် ၈ဝ လူ့လောကမှာနေထိုင်ခဲ့တယ်။ သက်တော် ၈၀၊ ဘုရားဘဝနဲ့ ၄၅နှစ် […]