အိုစမာဘင်လာဒင်အကြောင်း ပြောမယ်ဆိုရင် အာဖဂန်နစ္စတန်နိုင်ငံရဲ့သမိုင်းကြောင်းကနေ အစချီပြီးပြောမှ ပြည့်စုံပါမယ်။ ယနေ့ကမာ္ဘ့အဆင်းရဲဆုံး နိုင်ငံ အာဖဂန်နစ္စတန်ဟာ တချိန်ကဆိုရင် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး သက်ဦးဆံပိုင်ဘုရင်ဇာဟီရာရှား အုပ်စိုးပါတယ်။ ရှင်ဘုရင် အီတလီပြည်သွားခိုက်မှာ ရှင်ဘုရင်ရဲ့ညီဝမ်းကွဲ ဒါဝတ်ခန်က သွေးထွက်သံယိုမရှိစေရဘဲ အာဏာသိမ်းခဲ့ပါတယ်။ ၁၉ရ၃ခု၊ ဇူလိုင် ၁ရ ရက်မှာ ရှင်ဘုရင်ရဲ့ နှစ်ပေါင်းလေးဆယ် စိုးစံမှု နိဂုံးချုပ်ပါတယ်။ ၁၉၇၈ ခု၊ ဧပြီလ(၂၇) ရက်မှာ ဆိုဗီယက်ကွန်မြူနစ်များ ဝင်လာပြီး ဒါဝတ်ခန်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ သမ္မတဒါဝတ်ခန် အသတ်ခံရပါတယ်။ အာဖဂန်ကို ကွန်မြူနစ်ဆိုဗီယက်များ ကျူးကျော်ပြီဆိုတော့ မူဂျာဟစ်ဒင်တွေဟာ ရရာလက်နက်ကိုင်ပြီး တော်လှန်ကြတယ်။ ဆိုဗီယက်နဲ့ မတည့်တဲ့ အနောက်အုပ်စုက မူဂျာဟစ်ဒင်တွေကို လက်နက် အကြီးအကျယ်တပ်ပေးခဲ့တယ်။ မူဂျာဟစ်ဒင်ဆိုတာ အာဖဂန်တောင်သူလယ်သမားတွေပါ။ မူဂျာဟစ်ဒင်ဆိုတဲ့ အဓိပ္ပါယ်က ရုန်းကန်သူ၊ ဒါမှမဟုတ် […]