erosDecember 30, 20101min1044
eros မြန်မာပြည်အားချစ်ပါသည်။ မြန်မာပြည်အားတိုးတက်စေချင်သည်။ မြန်မာများတိုးတက်ဖို့ မြန်မာများသာ ကြိုးပမ်းရမည်။ မြန်မာများစည်းကမ်းရှိရန် လိုလေသည်။ eros ၏ပထမဦးဆုံးစာစု “မြန်မာများစည်းကမ်းရှိရန် အချိန်တန်ပြီ” ရေးခဲ့သည်။ ယခုရေးဦးမည်။ အဆိုးမြင်ဝါဒီဆန်နေပေလိမ့်မည်။ ဝေဖန်ကြပါ။ ယခု ″ဖန်တရာတေ နေတဲ့အကြောင်း″၊ ဘာအကြောင်းလဲ??? လိုင်းကား၊ တက္ကစီ အကြောင်းပင်ဖြစ်လေတော့သည်။ မြန်မာပြည်မှ စည်းကမ်းအပျက်ဆုံးများထဲမှ တခုမှာ လိုင်းကားများပင်ဖြစ်လေသည်။ မြန်မာပြည်မှလိုင်းကားများသည်ကား အခါခပ်သိမ်း မည်သည့်အခါမျှ မကောင်းပေ။ ကောင်းသော်ခဏပင်ဖြစ်လေသည်။ ပြီးလျှင်ပျက်လေတော့သည်။ လိုင်းကားနှင့် အတူတူ မြန်မာများစိတ်ဓာတ်ပြင်ရန်လိုပေသည်။ မြန်မာလူမျိုးများအများစုသည် အပေါ်ယံ ကောင်းချင်ယောင်ဆောင်၍ကိုယ့်ဖို့ယက်လှသည်ဟု မြင်မိသည်။ ဘယ်သူသေသေ ငတေမာပြီးရောသာ။ စည်းကမ်းမဲ့လှသည်။ စည်းကမ်းဖောက်ရတာ ဂုဏ်ယူစရာတမျိုးဟုထင်ကြသည်။ စနစ်တကျ မလုပ်ကြ။ ယခုကား လိုင်းကား နှင့်ပတ်သက်သည်ဖြစ်၍ လိုင်းကားအကြောင်းပြောမည်။ ရှေးဦးစွာ မြန်မာလိုင်းကားအစကား R.E.T COMPANY၏ […]