လင်းဝေFebruary 28, 20121min30817
မန္တလေးမြို့တော်ဝန် ဘာဖြစ်သွားတာတုန်း။ ဦးဖုန်းဇော်ဟန် ဟာ အရင်တုန်းက အလွန်အစားကြမ်းလို့ သတင်းတွေထဲမှာ နာမည်ဆိုးနဲ့ ပျံ့နှံ့ခဲ့ဖူးပါတယ်။ အဲဒီလို ခိုးထားလို့ ဖြုတ်ပစ်တာလား။ မကင်းရင်ကောင်းအောင်နေ မကောင်းရင် ကင်းအောင် နေဆိုတာ ဒါမျိုးကို ဆိုလိုတာလား မသိပါဘူးကွယ်။ ဒေါ်စုရဲ့ မန္တလေးခရီးစဉ်အတွက် ဟောပြောဖို့နေရာကို ဗထူးကွင်းမှာမလုပ်ဖြစ်ဖို့ မျက်နှာပုပ်သိုးသိုးထားတတ်တဲ့ ကန်ထရိုက်ကနေ ဝန်ကြီးတက်ဖြစ်လာသူ မဲ့ပုပ်သိုး ဦးတင်ဆန်း က ခွင့်မပြုလို့ ဟောပြောဖို့နေရာအခက်အခဲကြောင့် မန္တလေးခရီးစဉ်ကို ဘွားတော် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဲသလို ဖြစ်နေခိုက်မှာ မန်းတလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်က မန်းမြို့ စည်ပင်ပိုင် ကွင်း တစ်ခုကို ဟောပြောတဲ့နေရာ လုပ်ဖို့ ကူညီခွင့်ပြုတယ် လို့ သတင်းတွေ တက်လာပြီးနောက် ဒီနေ့ သတင်းစာတွေမှာ မန်းတလေးမြို့တော်ဝန်ကြီးကို နေရာ ရွှေ့လိုက်ပါသတဲ့။ ဘာကြောင့်ပါတုန်းဗျား။ နားလည်သလိုတွေးမိရင် […]