ဦးသုJanuary 3, 20131min1608
ဟဲ့ကောင် ၊ ဟိုအကောင် ၊ ဟေ့ကောင်  နဲ့  ကျွန်တော်တို့ ယောက်ျားလေးတွေကိုသုံးနှုန်းကြတာ  တစ်ခါတစ်လေဆိုရင် ဟေ့ရောင် တွေဘာတွေဖြစ်ကုန်လို့ အမြန်ခေါ်လိုက်ရင်လေ ။    အဲဒါပေမယ့် မိန်းကလေးအတွက်ကျတော့ ဟဲ့ကောင်မ ၊ ဟိုကောင်မ ၊ ဟေ့ကောင်မ ဆိုပြီးခေါ်ကြည့်လိုက် အဲဒါကြီးက မဟာ့ မဟာ ရိုင်းတဲ့ အသုံးအနှုန်းကြီးဖြစ်သွားပြန်ရော။ ကျွန်တော်တို့ ယောက်ျားလေးတွေအတွက်ကတော့ ကျောင်းစာသင်ခန်းတွေမှာ ကတည်းက ဆရာ၊ ဆရာမတွေက သား လို့ခေါ်တာရှားလို့ ရင်းနှီးပြီးသားပါ။ ဒါပေမယ့်မိန်းကလေးတွေကျတော့ သမီးတို့၊ နင်တို့   ဆိုတဲ့အသုံး အနှုန်းတွေနဲ့သာရင်းနှီးခဲ့တာမို့ သူတို့ကိုအဲလိုအခေါ်ခံလိုက်ရရင် နင့်နေအောင်နာသွားတတ်ကြပါတယ်။ ကျွန်တော်တို့ယောက်ျားလေးတွေအတွက်တော့ ငယ်ငယ်ကတည်းကနားရည်ဝပြီးသားမို့သိပ်မနာတတ်ကြပါဘူး ။ သူငယ်ချင်းတွေနဲ့ ဖေ့ဘွတ်မှာ ချက်တာတို့ပြုတ်တာတို့လုပ်ကြည့်တဲ့အခါယောက်ျားလေးဆိုရင် သားကြီးလို့ခေါ်လိုက်တာ ကိစ္စမရှိပေမယ့် မိန်းကလေးတွေကို သမီးကြီးလို့ခေါ်ကြည့်ပါလား တော်တော့်ကိုရင်းနှီးတဲ့ မိန်းကလေး သူငယ်ချင်းတွေပဲပြန်ပြောလိမ့်မယ် […]