စာမရေးဖြစ်တာလည်းကြာပါပြီ… အကြောင်းမှုကား…စီပွါးရေး..လူမှုရေးများနဲ့ခရီးထွက်တာလည်းများနေ..မြန်မာပြည်ရဲ့ကိုးနတ်ရှင်ကလည်း တစ်နာရီကို ၂၀ဝကျပ် နဲ့အဝိုင်းလေးလည်တာထိုင်ကြည့်ရင်းနဲ့တရားသဘောနဲ့သည်းခံခြင်းပါရမီ အားကောင်းလာပေ၏… ရွှေမြို့တော်ရန်ကုန်မြို့ကြီးမှာ နေ့စဉ်မြင်တွေ့နေရတဲ့ဒုက္ခတွေကိုလည်း အားရပါးရရေးခြင်ပါ၏…မိမိနေထိုင်ရာလှိုင်မြို့နယ်မှပန်းဆိုးတန်း ိဆေူးလေသို့အချိန်တစ်နာခွဲလောက်ကြိုသွားမှတော်ရုံကျပေမည်…နံနက်၈းဝဝ နာရီနောက်ပိုင်းဆိုရင်တော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့သေပြီဆရာပါပဲ…ဟံသာဝတီအဝိုင်းမှစ၍ရှင်လောင်းလှည့်ရပါတော့မည်…မိုးကလည်းရွာလိုက်တာနဲ့ ရေကလည်း ဒူးဒူးလောက်ပေါင်လောက်ကိုရောက်ဖို့ နာရီဝက်မျှပင်မစောင့်ရပေ…တက္ကစီဆရာသမားများကလည်း လမ်းနည်းလောက်ချောင်သွားတာနဲ့ တစ်နာရီကို မိုင်၁၀ဝနှုံးနဲ့ဆော်ကြတော့တာပဲ…ကိုရွှေလိုင်းကားဆရာသမားတွေကတော့ ညာသံပေးဟွန်းတီး၍လမ်းပြောင်းပြန်တွေမောင်းပြီး ဖော်မြူလာဝမ်း မှာဝင်ပြိုင်နေတယ်မှတ်လေရော့လားမသိ…သွားသတိ လာသတိနဲ့ တရားမှတ်နေမှသာဘဝကူးကောင်းပေလိမ့်ဟု မှတ်ယူရပေမည်…နယ်ခရီးသွားသွား ဘယ်ခရီးပဲသွားသွား ဂုဏ်တော်တွေကိုမပြတ်ရွှတ်နေမှတော်ယုံကြပေမည်…တန်တော့ ရေးခြင်တဲ့အကြောင်းအရာကို ဦးတည်လိုက်အုံးမယ်… စာမရေးဖြစ်ပေမယ့် ရွာထဲကိုတော့မကြာမကြာဝင်ရောက်စာဖတ်ဖြစ်ပါတယ်…ဒီနေ့ရေးစာရေးခြင်တဲ့ပိုးကပြန်ထလာတယ်ပဲဆိုရမှာပေါ့လေ… အကြောင်းအရာက ဒီနေ့ထုတ် Messenger Journal Vol4,N0 52  26 th May 2014 မှာပါလာတဲ့ ဆောင်းပါးလေးကိုဖတ်ပြီးရေးခြင်စိတ်တွေ တစ်ဖွါးဖွါးပြန်ပေါ်လာတော့တယ်… ဤဆောင်းပါးကို ရဟန်းတော်များအတွက် အဓိကရည်ရွယ်ပါသည်။မိကျောင်းမင်းရေကင်းပြခြင်းမဟုတ်ပါ၊နွားရှေ့ထွန်ကျူးခြင်းလည်းမဟုတ်ပါ၊ပညာရှိသတိဖြစ်ခဲဟူသောစကားအရ သတိမမူ ဂူမမြင်ဖြစ်နေသော ရဟန်းတော်များအတွက် သတိမူရန်လမ်းကြောင်းပေးခြင်းသာ။ တစ်ခါကမြတ်စွာဘုရားသည် သူ့ခမည်းတော်နေထိုင်ရာ သူ့ဆွေမျိုးများရှိရာ ကပိလဝတ်ပြည်သို့ ကြွသွားရာခမည်းတော်နှင် […]