manawphyulaySeptember 20, 20131min1051
လူတိုင်း အရွယ်ရောက်လာရင် အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ပြီးဆိုရင်ဖြင့် ကိုယ် ဘယ်နေရာမှာ ဘာအပိုင်းကို တာဝန်ယူလုပ်ဆောင်ရမှာလဲ။ ဘာတွေပြင်ဆင်ထားရမလဲ။ တချို့ကျပြန်တော့ တဖြည်းဖြည်း အသက်သာ ကြီးလာတာ ဘာအလုပ်မှမလုပ်ဘဲ သင်တန်းတွေပဲ တက်နေသူများ ဒုနဲ့ဒေးပါပဲ။ မည်သူမဆို လိုအပ်ချက်များကတော့ အနည်းနဲ့အများ ရှိနေကြမှာ အမှန်ပါပဲ။ ဒီလိုလိုအပ်ချက်များကို လုပ်ငန်းခွင်ဝင်ရင်းဖြင့် သင်ယူသွားရင်လည်း ရနိုင်ပါတယ်။ ဒီလိုပဲ အောင်မြင်တိုးတက်ဖို့အတွက် ကြိုးစားမှုကိုလည်း သင်ယူလေ့လာနေခြင်းကနေ အောင်မြင်မှု ပန်းတိုင်ကို အရောက်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတချို့ရဲ့ အတွေးအခေါ်ကျပြန်တော့ အလုပ်တစ်ခုရရှိပြီဆိုရင် သင်ယူလေ့လာဖို့ မလိုတော့ဘူးလို့ တွေးထင်ကောင်း တွေးထင်တတ်ကြပါတယ်။ သင်လည်း ဒီလိုအယူအဆ ခေါင်းထဲဝင်လာရင်တော့ အမြန် နှင်ထုတ်သင့်ပါတယ်။ သင်က လက်ရှိအနေအထားမှာ ရပ်တန့်မနေချင်ဘူးဆိုရင်တော့ အမြဲသင်ယူပါ။ လေ့လာပါ။ စူးစမ်းပါ။ သင်ယူရုံနဲ့ […]