black chawFebruary 27, 20131min34457
စကားကြီးစကားကျယ် ပြောတယ်လို့တော့ဖြင့် မထင်ကြစေချင်ပါဘူး…။ လူ့ဘဝဆိုတာ အငိုနဲ့စ အငိုနဲ့ ဆုံး ဆိုလား…။ နားစွန်နားဖျားကြားခဲ့ဘူးပါတယ်…။ ဆိုတော့… ကျွန်တော့်ပို့စ်ကိုတော့ဖြင့် အပျော်နဲ့စပြီး အပျော်နဲ့ပဲ အဆုံးသတ်ချင်ပါတယ်ဗျာ…။ ကဲ ပျော်စရာ ပုံပြင်လေးတစ်ပုဒ်နဲ့ စလိုက်ရအောင်…။ နိုင်ငံရေးဆိုတာ ဘာလဲကွယ် တစ်ခါတုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးကြီး နိုဇိုးမိ ဆိုတာ ရှိသတဲ့…။ နိုဇိုးမိကြီးမှာ စိုးမြတ်သူဇာ လို ချောမောလှပတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် ဇနီးချောကြီးရယ် အရွယ်နဲ့မလိုက်အောင် စကားကြီးစကားကျယ်ပြောတတ်တဲ့ ငါးနှစ်အရွယ် သားကြီးနဲ့ မွေးကာစ သားအငယ်တစ်ယောက်တို့ ရှိကြသတဲ့…။ မိုးဟေကို လို ဆက်စီ ဖြစ်တဲ့ အိမ်ဖေါ်မလေးတစ်ယောက်လည်း ရှိသေးတယ်တဲ့…။ (အားကျလိုက်တာနော် အာဟီး…) တစ်နေ့တော့ နိုဇိုးမိ ကြီး ရဲ့ သားအကြီးကောင်က နိုဇိုးမိ ကြီးကို မေးခွန်းတစ်ခု မေးသတဲ့…။ […]


black chawOctober 25, 20111min33622
သူငယ်ချင်းအပျိုကြီးတစ်ယောက် မင်္ဂလာဆောင်သွားတဲ့အပေါ် သူငယ်ချင်းတွေရဲ့ထင်မြင်ချက်လေးတွေ နဲ့ ကိုယ့်ရဲ့ထင်မြင်ချက် မတူတဲ့အပေါ် ခံစားရေးဖွဲ့ထားတဲ့ weiwei ရဲ့ feeling 40 ကတော့ အပျိုကြီးတွေရဲ့ အတွေးတစ်ပိုင်းတစ်စကို ဖတ်ရမှာပါ။ ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါတယ်။ Feeling 40 နဲ့ တွဲဖတ်ဘို့ ညွှန်းထားပါတဲ့ ကိုသစ်မင်းရေးတဲ့ပို့စ်လေးက ဘာအကောင်းဆုံးလဲ ဆိုတဲ့ ပို့စ်လေးပါ။ ကိုသစ်မင်း ရဲ့အတွေးအရေးကို အားလုံးလည်းသိပြီးသားမို့ ညွှန်းစရာမလိုတော့ပါဘူး။ ဖတ်ကြည့်ပါ။ နောက်တစ်ပုဒ်ကတော့ weiwei ရဲ့ guilin ခရီးစဉ် အပိုင်း ၁ ဖြစ်ပါသည်။ ဓါတ်ပုံလေးများပူးတွဲပါဝင်ပါသော ခရီးသွားဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ကိုယ်တိုင်ဖတ်ကြည့်ဘို့ တိုက်တွန်းပါသည်။ ပို့စ်ထဲတွင်ပါသော ဓါတ်ပုံများထဲမှ တီရှပ်နဲ့ ဘလူးဂျင်း ဝတ်ထားသူလေးကို ရွာသားများစိတ်ဝင်စားကြပါသည်။ နောက်တစ်ပုဒ်က comegyi ၏ မန္တလာမြေခရီးစဉ်အပိုင်း၂ ဖြစ်ပါသည်။ ဖတ်ကြည့်ကြပါခင်ဗျာ။ […]


black chawOctober 25, 20111min14213
ရွာထဲမှာ ဒီတစ်ပတ် နွေးနွေးထွေးထွေး နှင့် ရွာအလှ အတွက် အားလုံး တက်ညီလက်ညီ ကြိုးစားနေခဲ့ကြတာ အားရစရာ ကောင်းလှပါသည်။ ဓါတ်ပုံတွေ၊ ကဗျာတွေ၊ စကားပြေတွေ၊ သတင်းတွေ၊ စသည်ဖြင့် စုံလှသော်လည်း ရွာမှာ ဝတ္ထုတိုရေးသူများနှင့် ကာတွန်းရေးသူများ လိုအပ်နေသည်  ဟု ထင်မြင်မိပါသည်။ အချိန်ရသလောက်လေးကြိုးစားဖတ်ကြည့်ရပါသဖြင့် လိုအပ်ချက်များရှိပါက ကျွန်တော့်အား ခွင့်လွှတ်ကြပါလို့ ကြိုတောင်းပန်ထားပါရစေခင်ဗျာ။ ဒီတပတ် ဖတ်ဖြစ်သည်များကို တင်ပြလိုပါသည်။ မနောဖြူလေး ၏ “ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ ရင်ခုန်သံ” ကို ဖတ်ဖြစ်သည်။ ဆရာကြီး၏ ကဗျာ နှစ်ပုဒ်ကို ဖေါ်ပြ၍ သူမ၏ ကဗျာအပေါ်အမြင်များကိုရေးသားထားခြင်း ဖြစ်ပါသည်။ Windtalker ၏  ThomasEdisonVsNikolaTesla ကိုဖတ်ရပါသည်။ ဆားဘီးယားလူမျိုးသိပ္ပံပညာရှင် Nicola Tesla နှင့် သောမတ်စ်အက်ဒီဆင် […]