black chawMarch 24, 20122min32727
ဓါတ်ပုံ ၃ ပုံနဲ့ ပို့စ်တစ်ပုဒ်တင်သွားတယ်လို့ ပြောရင်လည်း ခံရတော့မှာပဲဗျာ။ ဒီနေ့ ဘယ်လိုမှ ဓါတ်ပုံတင်လို့ မရဘူး ဖြစ်နေပါတယ်။ အဲဒီတော့ ဒီထက်ပိုပြီး စိတ်မရှည်နိုင်တော့တာနဲ့ ဒီသုံးပုံနဲ့ ပဲလွှတ်လိုက်တော့မယ်ဗျာ။ ပြောချင်တာက မြတ်မြတ်နိုးနိုး ပိုးမွေးသလို တယုတယ စိုက်ပျိုးခဲ့ကြတဲ့ ကြက်ဆူပင်တွေကို အခု ရက်ရက်စက်စက် ခုတ်ပစ်နေတဲ့ အကြောင်း။ မြန်မာနိုင်ငံ စာနယ်ဇင်း အရေးပေါ်ညီလာခံ ဆိုင်းဘုတ်လေး အကြောင်း။ ကြံတော ကားပွဲစားတန်းနားမှာ အသစ်ဖွင့်လိုက်တဲ့ Junction Square အကြောင်း။ လက်လျှော့ပါပြီ ကော်နက်ရှင်ရေ။


black chawMarch 19, 20123min31528
ဘလက်ချော အိပ်ရေးပျက်မခံပါဘူးခင်ဗျာ။ ဒီစနေ တနင်္ဂနွေမှာ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်တာ အကောင်းဆုံးလို့ မှတ်ယူပြီး ဓါတ်ပုံလေးတွေတင်ဖြစ်ပါတယ်။ နည်းနည်းဝေဖန် အကြံပေးကြပါဦး။


black chawMarch 16, 20128min20024
ကင်းပွန်းစခန်းကနေ တောင်ပေါ်ကို ကားစီးရင် နာရီ ဝက်လောက်ပဲ ကြာပါတယ်။ ကားရပ်တဲ့နေရာကနေ ဘုရားရင်ပြင်တော်ပေါ်ကို မန္တလေး တစ်ပြလောက်လျှောက်ရပါတယ်။ ဘုရားပေါ်မှာ နေ့ခင်းဘက်လမ်းလျှောက်ရင် အင်မတန်ပူပါတယ်ဗျာ။ ညဘက် ရင်ပြင်တော်ပေါ်မှာ ဖျာတစ်ချပ်ငါးရာ စဘော် တစ်ထောင်ပေးငှားပြီး ဒီအတိုင်းဖြန့်အိပ်နေကြတာလေးကိုလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ မနက်ဘက် အကြော်ကောက်ညှင်းပေါင်းရောင်းနေကြတာ၊ ခေါက်မုန့်ရောင်းနေကြတာကိုလည်း မှတ်တမ်းတင်ဖြစ်ပါတယ်။ ကြည့်ဗျာ။


black chawMarch 16, 20124min19121
ဘုရားပုံတွေ တော်တော် များများ ကျွန်တော် ရိုက်ခဲ့ဘူးပါတယ်။ ကျိုက်ထီးရိုးပုံလေးတွေကိုတော့ ကိုယ်ရိုက်ထားတာကိုယ်ပြန်ကြည့်ပြီး ကျေနပ်တဲ့စိတ်ဖြစ်မိပါတယ်။ တကယ်ပါ။ ကဲကြည့် ကြည့်ပါဗျာ။


black chawMarch 15, 20124min56419
ကင်ပွန်းစခန်းရောက်တော့ ကျိုက်ထီးရိုးဂေါပက အဖွဲ့ဝန်းထဲမှာ ကားအပ်ပါတယ်။ ပြီးတော့ ဘုရားပေါ်တက်ဖို့ ကားခ ဈေးမေးတော့ ရှေ့ခန်း ၃၀၀၀၊ နောက်ခန်း ၂၅၀၀။ ၅၀ဝ နဲ့တော့ မထူးပါဘူးဗျာ။ ရှေ့ှုခန်းက ၅ ယောက်စီးလို့ရတယ်ဆိုတော့ ကျွန်တော်တို့ သွားတာ ကလေး ၄ ယောက် လူကြီး ၈ ယောက်ဆိုတော့ ကားနှစ်စီး ခွဲပြီး ၆ ယောက်စီစီးဖို့ စာရင်းပေးလိုက်ပါတယ်။ လမ်းမှာရိုက်ခဲ့တာလေးတွေနဲ့ ကျိုက်ထီးရိုးတောင်တက်ခရီးမှတ်တမ်းလေးပေါ့။ ကြည့်ကြည့်ဗျာ။ ဒီပို့စ်မှာတော့ ဘုရားပုံတွေ မပါသေးဘူးဗျာ။ မနက်ဖြန်မှ ဆက်ရန်….။


black chawMarch 15, 20124min33635
တိုတိုပဲ ပြောကြပါစို့…။ ကျွန်တော် မိသားစုနဲ့ ကျိုက်ထီးရိုးကို ဘုရားဖူးသွားပါတယ်။ ဓါတ်ပုံတွေလွှတ်ရိုက်ခဲ့ပါတယ်။ အခု ကျိုက်ထီးရိုးမှာ ရိုက်ခဲ့တဲ့ မယ်သီလရှင်လေးတွေ ရဲ့ ပုံတွေ သီးသန့်တင်ပေးလိုက်ပါတယ်။ နည်းနည်း ဝေဖန်ပေးကြပါဦး။


black chawOctober 27, 20116min28122
  ဒီရက်ပိုင်း ဆရာ အင်ဇာဂီ၊ ဆရာ charm boy ၊ ဆရာ ကိုချို၊ ဆရာ ကိုစိန်သော့ တို့ရဲ့ pro ရိုက်ချက်တွေကို မြင်ရတဲ့အတွက် အပျော်တမ်း ဓါတ်ပုံကင်မရာလေးနှင့်သာ နှစ်ပါးသွားနေရပါသော ကျွန်တော့် မှာ နည်းနည်း စိတ်အားငယ်မိသည်အထိ ဖြစ်ရပါသည်။ သို့သော်တဲ့လည်းပေါ့လေ တကူးတက မဟုတ်သော်ငြားလည်း ပန်းလှလှ တွေ့ပြန်တော့လည်း လက်ကမနေနိုင်ဖြစ်ပြီး ရိုက်ဖြစ်ရပြန်ပါသည်။ ရွာသူရွာသားတွေလည်း သည်းခံခွင့်လွှတ်ပြီး ကြည့်ပေးကြပါလို့ ကြိုတင် တောင်းပန်အပ်ပါသည်ခင်ဗျား။                                     နည်းနည်းလေး […]


black chawOctober 20, 20115min31742
မနေ့က နေ့လယ်ပိုင်းကပေါ့။ ကျွန်တော် ရွာသူရွာသားတွေ အတွက် ထူးထူးဆန်းဆန်းလေး ပေးချင်တဲ့ ဖီလင် အကြီးကြီး ဝင်နေမိတယ်။ ဒီရက်ပိုင်း ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းသူကျောင်းသားတွေ ကျောင်းတက်နေတာကို မြင်ချင်တဲ့ ဖီလင်ကလည်း တော်တော် ကြီးနေမိတယ်။ ဒါနဲ့ ရန်ကုန်တက္ကသိုလ်ကြီးကို အပေါ်စီးကကြည့်ရင်ဘယ်လိုနေမလဲ ဆိုတဲ့ အတွေး ဝင်လာတယ်။ ဘယ်ကကြည့်လို့ရမလဲဆိုပြီး စဉ်းစားနေတုန်း သီချင်းတစ်ပုဒ်သွား သတိရ မိတယ်။ ကိုငှက် ရေးဆိုခဲ့ တဲ့ ဂျဒ်စင်ထိတ်က လရိပ်ပြာ။ ဟုတ်တယ် ဂျဒ်စင်ထိတ်က ကြည့်ရင် ရန်ကုန် တက္ကသိုလ်ကြီးကို အပေါ်စီးက မြင်ရမှာပဲ။ ရွှေဘိုဆောင်ဘက်ကနေ ဂျဒ်စင် အနောက်ဘက်ပေါက် ကို ဝင်လာခဲ့တယ်။ သံပန်းတံခါးကို သော့ခတ်ထားတာ တွေ့တယ်။ ဟဲလို အထဲမှာ လူရှိပါသလား ခင်ဗျာ ဘာညာ အော်လိုက်တော့ […]


black chawOctober 18, 20114min26819
ဒီရက်ပိုင်း ဘလက်ချောတစ်ယောက် ဓါတ်ပုံတွေပဲ စွတ်ရိုက်ဖြစ်နေတော့သည်။ သွားလေရာ ကင်မရာ တကိုင်ကိုင်ဖြင့် လက်သရမ်း နေမိသည်။ ဗိုလ်တထောင် ဆိပ်ကမ်းထဲ အလုပ်တစ်ခုဖြင့် ရောက်တုန်းရောက်ခိုက် ရိုက်ခဲ့သော ဓါတ်ပုံလေးများကို တင်ပြဖြစ်ပါသည်။ လေကောင်းလေသန့်လေးရှူပြီး စိတ်လက်ပေါ့ပါးသွားအောင် ဘလက်ချောရိုက်ခဲ့သော ဓါတ်ပုံတွေကိုကြည့်ပါ။ ဟားဟား ကြော်ငြာထိုးတာဗျို့။                                    


black chawOctober 15, 20116min20019
ဒီပုံတွေကို တင်ရကျိုးနပ်သွားပါပြီ သူကြီးရေ။ ကျွန်တော်တို့ အစ်ကိုတွေ အစ်မတွေ တက်နေတုန်းကတည်းက ရင်ခုန်ခဲ့ရတဲ့ ကျောင်းကြီးပါ။ ကျွန်တော်တို့တောင် ကံတော်တော်ကောင်းလို့ မှီလိုက်တဲ့ ကျောင်းကြီး။ အခုခေတ် ကလေးတွေကို တက်စေချင်မိတယ်။ သူတို့လည်း ဒီနေရာလေးမှာ ကျောင်းတက်ချင်ကြမှာပဲလို့ ကျွန်တော်အမြဲတမ်းကိုယ်ချင်းစာမိပါတယ်။ လူတစ်စု အာဏာတည်မြဲရေးအတွက် ကလေးတွေ မြို့ပြင်က သင်းချိုင်းကုန်းတွေနားမှာ ကျောင်းတက်နေရတာ သဘာဝမကျပါဘူး။ ကျွန်တော့် တူမလေးတစ်ယောက်ဆို သန်လျင် က ဂျီတီစီကို မနက်အစောကြီးထပြီး သွားတက်နေရတာ ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိတယ်။ စီးပွားရေးရောဘာထူးလဲဗျာ။ ရွာသာကြီး ကြက်မွေးမြူရေးခြံတွေနားကို သွားတက်နေရတယ်။ ဒါတွေကို အဆုံးသတ်သင့်ပါပြီ။ အာရ်စီတူးကို ကျွန်တော်ရောက်တော့ ဝင်ခွင့်မရဘူး။ ကျွန်တော်တို့ ဒေသကောလိပ်ဘဝတုန်းကတောင် ဝင်လို့ရခဲ့တဲ့ကျောင်းကြီးကို အခုအထက်တန်းကျောင်းက မူလတန်းကလေးတွေတက်တဲ့ ခေတ်ရောက်မှ ဝင်လို့မရခဲ့ဘူး။ အာရ်စီတူးမှာ တီတီစီ ဖွင့်တာ […]