black chawFebruary 7, 20124min22747
မဒမ်ဘလက်နဲ့ ကျွန်တော် 4-2-2012 စနေနေ့ မနက် ၅ နာရီတိတိမှာ မန္တလေးခရီး စတင်ခဲ့ပါတယ်။ ရန်ကုန်ကနေ နေပြည်တော်ကိုသွားတဲ့ လမ်းပိုင်းက လှိုင်းတွေ တော်တော် များနေတာကို သတိထားမိပါတယ်။ ၁၁၅ မိုင် ကိုရောက်တော့ မနက် ၈ နာရီ။ အိမ်က ဘာမှ စားမလာသဖြင့် ဖီးလ် မှာ နံနက်စာ စားဖြစ်ကြပါတယ်။ စားသောက်ပြီး ဓါတ်ဆီ ဆိုင်မှာ ဓါတ်ဆီ ဝင်ဖြည့်။ နေပြည်တော်ဘက်သို့ ဆက်ထွက်ခဲ့ကြသည်။ လမ်းက လှိုင်းတွေ တော်တော်ဆိုးနေပါသည်။ နေပြည်တော် တိုးဂိတ်ကိုရောက်တော့ မနက် ၁ဝ နာရီ။ နေပြည်တော်ကျော်တော့ လမ်းက လှိုင်းမရှိတော့။ တော်တော် သိသာသည်။ ရှုခင်းလေးတွေကလည်း လွင်ပြင်ကျယ်ကျယ် ပြန့်ပြန့်ဆိုတော့ သာသာယာယာ ရှိသည်။ ၂၈၄ […]


black chawNovember 15, 20115min10927
ဒီနေ့ တန်ဆောင်မုန်း လပြည့်နေ့ ၏ မနက် ရ နာရီခန့်တွင် ကျွန်တော်၊ ကျွန်တော့် ဇနီး၊ ကျွန်တော့် ယောက်ခမကြီး နှစ်ယောက်နှင့် တူလေးတစ်ယောက်တို့ နေပြည်တော်သွားတောလား စဖြစ်ခဲ့ကြပါသည်။ စူဇူကီး R+ လေးကို ကျွန်တော် ကမောင်းပါသည်။ ယောက်ခထီးကြီးက ရှေ့ခန်းက ထိုင်ပါသည်။ ကျန်သည့် သုံးယောက်က နောက်ခန်းမှာ ထိုင်ပါသည်။ ကားလေးက သေးသဖြင့် ၅ ယောက် ဝိတ် တောင် နည်းနည်း လေးနေသယောင်ရှိပါသည်။ အမြန်လမ်းပေါ်ရောက်တော့ မနက် ရ နာရီ ခွဲနေပါပြီ။ ပုံမှန်လေးပဲမောင်းပြီး ၁၁၅ မိုင် ရှိ ဖီးလ် စားသောက်ဆိုင်တွင် ဘရိတ်ဖတ်စားကြပါသည်။ ကျွန်တော်က နေပြည်တော်သွားတိုင်း ဖီးလ် မှ ၅၀ဝ တန် ကော်ဖီတစ်ခွက် […]