black chawNovember 20, 20111min1146
ကိုပေါက်ရေ။ ဒီနေ့ ၁၂-၁၁-၂၀၁၁  မနက် ရ နာရီခန့်တွင် မန္တလေးမှ မိတ်ဆွေတစ်ယောက်က ရွှေပြည်မိုးမှ ဝယ်လာသော နံနက်စာများ ဝယ်ယူပြီး ရောက်ချလာပါသည်။ ကျွန်တော်လည်း နန်းကြီးသုတ်တစ်ပွဲ နှင့် ကော်ဖီတစ်ခွက်သောက်ပြီး မိတ်ဆွေကို မေးရပါသည်။ မန်းတက္ကသိုလ် ဘယ်နားလောက်မှာ ရှိလဲဟု။  နောက်ဆုံး သူလိုက်ပို့ပြီး ကျွန်တော့် အစီအစဉ်နှင့် ကျွန်တော်ပြန် ရန် သဘောတူလိုက်ကြပါသည်။ မနက် ၈ နာရီလောက်တွင် ကျွန်တော် မန်းတက္ကသိုလ် အဝင်ဝရောက်နေပါပြီ။ ဆိုင်ကယ် တက်စီတစ်စီးကို ဓါတ်ပုံရိုက်မည်၊ ဟော်တယ်ပြန်အရောက် ငါးထောင်ကျပ်နှင့်ဈေးတည့်သွားကြပါသည်။ သို့နှင့် ဆိုင်ကယ်တက်စီ ဆရာ၏ လမ်းညွှန်မှုဖြင့် မန်းတက္ကသိုလ်အမှတ်တရပုံများ ရိုက်ဖြစ်ပါသည်။ ဆိုင်ကယ်ဆရာက မန်းကျောင်းအကြောင်းတော်တော် သိနေပါသည်။ စာတိုက်ကိုပင် အတင်းဓါတ်ပုံရိုက်ခိုင်း နေပါသည်။ ဒီစာတိုက်မှာ ကျောင်းသားတွေ အိမ်ကငွေလာတာကို […]