black chawNovember 8, 20111min35223
ဒီရက်ပိုင်း တက်လာသော ပို့စ်လေးများကို ဖတ်ပြီး ကျွန်တော် ကွန်းမန့် ဝင်ပေးနိုင်ခြင်း မရှိခဲ့ပါ။ ကြောင်ကြီး၊ ကိုသစ်မင်း၊ အဘ FR နှင့် သူကြီး kai တို့၏ ဆွေးနွေးချက်များကိုသာ ဖတ်ပြီး ငိုင်တွေငေးမော နေရသော အဆင့်ဖြင့် လေ့လာမှု နယ်ပယ် မကျယ်ပျံ့ပါသော ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျ ဖြစ်မိပါသည်။ သို့သော် လေ့လာရန်လိုအပ်သည်ဆိုတာကို ရိုးရိုးသားသား လက်ခံလိုက်ကာ အိမ်နားတွင်ရှိသော စာပေလောကသို့ ချီတက် ခဲ့ဖြစ်ပါသည်။ ဆိုင်မှ အရောင်းစာရေးမလေးထံမှ စာအုပ် နှစ်အုပ် ဝယ်ပြီး ညနေဘက် ထမင်းစားပြီးချိန်မှ စဖတ်ဖြစ်ပါသည်။ အရင်ဆုံးစကိုင်ဖြစ်သည့် စာအုပ်မှာပင် ရွာထဲမှ ကျွန်တော့်လို စာဖတ်ဘို့ အချိန်မရ သူများကို ဝေငှပေးချင်စိတ်ပေါက်လာခဲ့ပါသည်။ အပေါ်က ပုဂ္ဂိုလ်ကြီးများကြားတွင် ကျွန်တော်တို့လည်း လူရာဝင်အောင် […]