DSC05178.jpg

black chawFebruary 25, 20124min24418
မနေ့က ည ၈ နာရီလောက် ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီး ရှိရာသို့ သွားဖြစ်ပါတယ်။ ဦးဝိစာရလမ်းတစ်လျှောက် ကားတန်းရှည်ကြီးကြားက ကြပ်တည်းစွာနဲ့ ရွှေတိဂုံဘုရားလမ်းဘက်မုခ်ဘက်သို့ ရောက်အောင် သွားခဲ့ပြီး ဘုရားပေါ်ကို ည ၉ နာရီလောက်မှာ ရောက်ပါတယ်။ ဘုရားပေါ်မှာ လူတော်တော်များတာ သတိထားမိပါတယ်။ ရောက်တဲ့အခိုက် ရန်ကုန်နဲ့ ဝေးနေကြသူတွေအတွက် ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ရွှေတိဂုံပွဲ ဆိုတော့ ရွှေတိဂုံစေတီတော်ကြီးပုံတွေ ဖူးရပါမယ်။ ကိုစိန်သော့ရဲ့ လက်ချာတွေ အောက်မှာ အရင်ပုံတွေနဲ့ ရိုက်ချက်မတူအောင် ကြိုးစားရိုက်ခဲ့ပါတယ်။


black chawFebruary 13, 20125min36439
မနေ့က မန်းဂဇက် ရဲ့ ပထမဆုံး အလှူပွဲ မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်ဗျာ။ ပွဲအကြောင်းကတော့ ရေးစရာမလိုတော့ဘူးထင်လို့ မရေးတော့ပါဘူး။ မန်းဂဇက် မိသားစုတွေအားလုံး ပျော်ရွှင်စေလိုစိတ်နဲ့ တင်ပေးလိုက်တာပါဗျာ။


black chawOctober 19, 20115min20821
ကိုပေါက်ရေ။ ကိုပေါက်က ကျွန်တော်တို့ကို အင်းလေးလိုက်ပို့တော့ ကျွန်တော်က ကိုပေါက်နဲ့ ရွာသူရွာသားတွေကို ကျွန်တော်တို့ ရန်ကုန်မြို့ရဲ့ ဆာကူရာတာဝါပေါ်က နံနက်ခင်းရိုက်ချက်လေးများနဲ့ ဧည့်ခံချင်ပါတယ်ဗျာ။ ဒီလိုမျိုး တစ်ယောက်ယောက်က တင်ပြီးသွားပြီဆိုရင်လည်း ခွင့်လွှတ်ပြီး ကြည့်ပေးကြပါလို့။ အရသာတော့ ကွဲမယ်ထင်ပါတယ်။ အရသာတစ်မျိုးရတယ်ဆိုရင်ပဲ ကျွန်တော် ကျေနပ်ပါတယ်ခင်ဗျား။                              


black chawOctober 17, 20114min23023
ကိုပေါက်ရေ။ ဒီနေ့ မနက် ရန်ကုန်လေဆိပ်ကို ညီတစ်ယောက်လိုက်ပို့ရင်း မနက်နေထွက်ချိန်လေးကိုကြုံရပါတယ်။ ကိုပေါက်လည်း နေထွက်တာလေးကို စိတ်ရှည်ရှည်နဲ့ စောင့်ရိုက်ပြီး ကျွန်တော်တို့ကို ဝေမျှဘူးတာ သတိရတယ်။ ကျွန်တော်တို့ ကြည့်ပြီး ကြည်နူးခဲ့ကြဘူးပါတယ်။ ဒါကတော့ ရန်ကုန်လေဆိပ်အလွန်နားကလမ်းကလေးရဲ့ နေထွက်ချိန်ဖြစ်ပါတယ်။ ဆရာတစ်ယောက် ဘာသာပြန် တစ်အုပ်ရေးဘူးတယ်။ နေထွက်ချိန် စစ်ဆင်ရေးတဲ့။ ဒါကတော့ ဘလက်ချော ဓါတ်ပုံနဲ့ရေးတဲ့ နေထွက်ချိန် စစ်ဆင်ရေး ပါခင်ဗျာ။                 ကော်နက်ရှင် က တော်တော် အောက်နေလို့ ရသလောက်ကိုပဲ တင်ပေးလိုက်ပါတယ်။              


black chawOctober 16, 20114min28223
ဒီနေ့ မနက်ပိုင်း မင်္ဂလာဆောင် တစ်ခုကိုသွားရင်း ဆီဒိုးနား ဟိုတယ်ရှေ့က အင်းလျားကန်ဘောင်ပေါ်ကို ရောက်ခဲ့ပါတယ်။ လက်ထဲလည်း ကင်မရာပါလာတော့ ကိုချိုတို့ ကိုပေါက်တို့ ရဲ့ တပည့် (ကိုယ့်ဟာကိုယ် ဆရာမွေးတာနော်)ပီပီ ပန်းပွင့်လေးတွေကို လက်ဆော့မိပါတယ် ဆရာတို့ရေ။ လှလှ မလှလှ၊ အဆင့်မီမီ မမီမီ လက်သင်လေး တစ်ယောက်ရိုက်ထားတာ ကြည့်ပြီး ဝေဖန်ပေးကြပါဦး။ ဓါတ်ပုံပိုးက တော်တော် ဝင်နေပြီဗျာ။ ရှုခင်းပုံလေးတွေလည်း ရိုက်လာခဲ့ပေမယ့် မလှဘူးထင်လို့ မတင်လိုက်တော့ပါ။                                


black chawOctober 14, 20117min32841
ကိုပေါက်၊ ကိုစိန်သော့ နှင့် ကိုချို တို့၏ ရိုက်ချက်များကို အားကျပြီး ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းထဲသို့ ဒီနေ့ ဓါတ်ပုံရိုက်ထွက်ဖြစ်ပါသည်။ အိမ်သုံးကင်မရာလေးနှင့် အပျော်တမ်းရိုက်ချက်များကို ရန်ကုန်တက္ကသိုလ်အလွမ်းပြေ အဖြစ် တင်ဆက်လိုက်ပါသည်။ ကျောင်းသားဟောင်းကြီးများရော၊ ဒီကျောင်းရဲ့ အရိပ်မှာ မခိုနားဘူးခဲ့သူများရော ခံစားမှု တစ်ခုခုရရှိသည် ဆိုလျှင် ကျွန်တော်ကျေနပ်ပါသည် ခင်ဗျား။                                                 တတ်နိုင်သလောက် ရနိုင်သလောက် အလွမ်းပြေအောင် တင်ပေးလိုက်ပါတယ်။ ဒီနေရာလေးမှာ ဒီနေ့ကျောင်းသားလေးတွေ စာပြန်သင်သင့် […]