black chawNovember 6, 20112min16214
ဒီရက်ပိုင်း ကျွန်တော့် အသက် ၈ဝ ကျော် အဖေရော အမေပါ နေမကောင်းဖြစ်ကြသဖြင့် ဆရာဝန် အိမ်ပင့်ရပါသည်။ ယောက်ခထီး ကြီးကလည်း သွေးအားတွေကျ ပြီး ခေါင်းမူးနေသဖြင့် ကျွန်တော်ကပဲ ဆရာဝန်ပင့်ရပြန်ပါသည်။ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နှင့် မိဘရေးရာဝန်ကြီး ဘလက်ချောတစ်ယောက် ဗျာများနေရသော အချိန်ဖြစ်ပါသည်။ ပြေးရင်းလွှားရင်း ရွာထဲသို့ ကြုံသည့်နေရာမှာ ဆက်သွယ်ရပြန်ပါသည်။ ညဘက် သူများအိပ်သည့်အချိန်တွင် ဂဇက်တံခါးကို အပြေးအလွှားစောင့်ရပါသည်။ ဒီတစ်ခါတော့ ကျွန်တော် အောက်တိုဘာ လက်ကျန် အကုန်ဖြတ်လိုက်ပါသည်။ ပရိုစာရေးဆရာတစ်ယောက်မဟုတ်ပါသဖြင့် လိုအပ်သည်များကို ခွင့်လွှတ်ကြစေချင်ပါသည်။ မနေ့က နေ့ခင်းက စာရေးနေတုန်း ကိုဖက်တီး၏ သံလျင်သတင်းတက်လာပါသည်။ တော်တော် စောသည့် သတင်းဖြစ်သဖြင့် ကိုဖက်တီးကို ကျေးဇူးတင်ကြောင်းလေး မှတ်မှတ်ရရပြောခွင့်ပြုပါခင်ဗျာ။ ပြီးတော့ ကျွန်တော့်ပို့စ်လေးကို သေသေချာချာ ဖတ်ကြည့်လျှင် ဆွေးနွေးစရာလေးများ […]


black chawNovember 3, 20111min1488
ကျွန်တော် မနေ့က တင်တဲ့ ပို့စ်ထဲမှာ ဂဇက် တံခါးစောင့်ကြီး ပို့စ် ကို ဆက်ရေးသင့်သလားဆိုတာ ဆန္ဒ တောင်းခံ ကြည့်ပါတယ်။ ဘာလို့ဆို သူများရေးထားတာကို ကျွန်တော်က ပိုင်စိုးပိုင်နင်း ဆရာကြီးလိုလိုဘာလိုလိုနဲ့ သုံးသပ်ရလောက်အောင် မင်းကဘာကောင်လဲ လို့ မေးလာရင် အခက်သားလား။ ဟိုတစ်နေ့က မိုးစက်က သူ့ကို ဆရာမ မိုးစက်လို့ သုံးနှုန်းထားသဖြင့် မိုးစက်က ဆရာမမဟုတ်ဘူးနော် လို့ ကွန်းမန့်မှ ပြောပါသည်။ မနေ့က ဆူးကလည်း ဆရာမ လို့ မခံယူဝံ့သေးပါ ဟု ပြောပြန်ပါသည်။ ကျွန်တော် ဆိုလိုသည်မှာ ကျွန်တော် တို့အားလုံး စာရေးသူများဖြစ်နေကြပါပြီ။ အခကြေးငွေ ရယူသော စာရေးဆရာမဟုတ်တောင် ကိုယ့်အမြင်ကိုယ့်အတွေးကို ဝေမျှနေကြသော စာရေးသူတွေဖြစ်နေကြပါပြီ။ ဒါကြောင့် ယောင်္ကျားဆိုရင် ဆရာ တတ်ခေါ်ပါသည်။ […]


black chawNovember 1, 20112min25819
ဒီရက်ပိုင်း ကော်နက်ရှင်က ပိုပိုဆိုးလာနေပါသည်။ ပို့စ် တင်သူတွေလည်း တစ်ဝက်ပဲပါလိုပါ၊ နှစ်ခုဖြစ်လိုဖြစ်နှင့် ရွာကို နာဂစ် ဝင်မွှေထားသကဲ့သို့ ဖြစ်နေပါ၏။ ပြီးခဲ့တဲ့ တစ်ခေါက်က ဂဇက်တံခါးစောင့် ကြီးတွင် သုံးရက်စာ ရေးလိုက်နိုင်သော်လည်း ဒီတစ်ခေါက်တော့ အောက်တိုဘာ ၂ရ ရက် နေ့စွဲ ဖြင့် တက်လာသော ပို့စ် များကိုသာ ဖတ်ပြီး ပြန်ရေးဖြစ်ပါသည်။ ကျွန်တော်ရေးထားသည်များကို သည်းခံခွင့်လွှတ် ဖတ်ရှု ပေးပါသော ရွာသူရွာသားများကိုလည်း ကျေးဇူးတင်ပါသည်။ Parlayar46 ၏ သုံးကိုယ်ဘယ်နှယ့်ခွဲပါ့မယ် ပို့စ် က စဖတ်ဖြစ်ပါသည်။ “တာဝန်မဲ့သော ဆေးရုံ ဆေးခန်း နဲ့ ဆေးဘက်ဝန်ထမ်းတွေရဲ့ ဒါဏ်ကိုခံထားရတာများ လို့(အရင်းအချာထဲမှာတင် အသက်သုံးချောင်း) အသံထုတ်ပြီး ငရုပ်သီးစပ်ချင်တာကလဲ တမျိုး……….။” ဒီတစ်ကိုယ်က တာဝန်မဲ့တဲ့ ဆေးရုံဆေးခန်းတွေရဲ့ ဒဏ်ကို […]


black chawNovember 1, 20111min56
ဆရာမ မိုးစက် ရဲ့ ယုံချင်ယုံမယုံချင်နေ ဆိုတဲ့ ပို့စ်လေးတင်လာပါသည်။ ငယ်စဉ် ၁၁ နှစ်သမီးအရွယ် ၆ တန်းကျောင်းသူလေး မိုးစက် ဆေးရုံတစ်ခုတွင် မြင်ခဲ့ရသော မိန်းခလေးပုံရိပ်လေးတစ်ခု အကြောင်း ကို ပြန်ပြောပြထားခြင်းဖြစ်ပါသည်။ ဆေးရုံမှာ ဒါမျိုးဇာတ်လမ်းတွေ ကြားဘူး ပါသည်။ ယုံတယ်မယုံဘူးဆိုတာထက် ဖြစ်နိုင်ပါတယ်လို့ မှတ်ချက်ပေးပါရစေဗျာ။ ကြောင်ကြီးမန်းထားတာလေးဖတ်ပြီး ပြုံးမိပါသည်။ ဖတ်ကြည့်ကြပါ။ တော်တော်ရိုးတဲ့ကြောင်၊ ပုံထဲကလိုပဲ ပုံ့ပုံ့ ကြီး ထိုင်ပေးနေပါမယ်တဲ့။ အခုမှ သူ့ပုံကိုပြန်ကြည့်မိတယ်။ ဟုတ်တယ်ဗျ၊ ပုံ့ပုံ့ကြီး။ “မိုးစက်လေး ကြောက်ရင် ဦးကြောင်ကို ဖက်ထားလိုက်၊ ဦးကြောင် ဘာမှမလုပ်တတ်ဘူး၊ ပုံထဲကလို ပုံ့ပုံ့ကြီး ထိုင်ပေးနေမယ်။  ဒါ………………………..မင်းကိုချစ်လို့……………………………………….” Water-melon ၏ ရှူးတိုးတိုး ပို့စ်ကို ဆက်ဖတ်ဖြစ်ပါသည်။ ရွာမှာ ရေဒီယိုဖြင့် ဖုန်းခိုးနားထောင်ကြ၍ […]


black chawOctober 28, 20111min40535
ဒီရက်ပိုင်း ဂဇက်တံခါးပေါက်မှ ဝင်ရောက်လာကြကုန်သော ပို့စ် အရေအတွက် လျော့ကျသွားသည် ဟု ထင်မိပါ သည်။ ရေအောက်က ကော်နက်ရှင် က ပို့စ် တင်သူတွေကို စိတ်ပျက်စေသည်ဟုထင်မိပါသည်။ တံခါးစောင့်ကြီး ဘလက် တစ်ယောက် တတ်နိုင်သလောက် ဖတ်ပြီး ပြန်ရေးပေးဖြစ်ပါသည်။ ၂၄ ရက် အောက်တိုဘာမှ ၂၆ ရက် အောက်တိုဘာအတွင်း တက်သော ပို့စ်များကို ဖတ်ပြီး ရေးထားခြင်းဖြစ်ပါသည်။ Etone ၏ အမျိုးသမီးထုကြားမှ hang tag ဖက်ရှင်လား ဆိုသည့်ပို့စ်လေးက စဖတ်ဖြစ်ပါသည်။ အိတ် သုံးစွဲသူ အမျိုးသမီးများ hang tag လို့ ခေါ်သော ကတ်ပြားလေးတွေကို ဖြုတ်မပစ်ပါပဲ သုံးစွဲလာကြတာကို စာရေးသူက hang tag ဆိုတာ အလှဆင် ပစ္စည်း […]


black chawOctober 26, 20111min35624
ဘာသာရေးဆောင်းပါးများကို ကျွန်တော် ဖတ်ခဲပါသည်။ ဘုန်းကြီးဝတ်ချိန်လောက်သာ ဆရာတော်အချို့၏ ဘာသာရေး စာအုပ်တချို့ ဖတ်ဘူးပါသည်။ ရွာထဲရောက်တော့ ကံငါးပါးအကြောင်း ရေးသည့် ကိုငြိမ်းအေး ၏ ပို့စ်တွေကို သူကြီးက sticky လုပ်ပေးထားပါသဖြင့် ဖတ်ကြည့်ဘူးပါသည်။ ဝင်တော့ မဆွေးနွေးဖြစ်ပါ။ လွန်ခဲ့သည့် တစ်ပတ်လောက်က မေတ္တာရှင်(ရွှေပြည်သာ) ၏ သင်လူတစ်ယောက်ဖြစ်ပြီလား စာအုပ်ကို ဖတ်စရာစာအုပ်မရှိ၍ (အမှန်အတိုင်းပြောတာပါ) ဖတ်ဖြစ်ပါသည်။ သို့သော် ဇာတ်လမ်းလေးတွေနှင့် စိတ်ဝင်စားအောင် ရေးထားပါသဖြင့် လက်က မချနိုင်ပဲ ဆက်ဖတ် ဖြစ်ပါသည်။ စာမျက်နှာ ၄၅ အရောက်တွင် ပါဏာတိပါတာကံနှင့်ပတ်သက်၍ ကုလားအစ်နှင့် မြန်မာအစ်ဆိုသည့် ခေါင်းစဉ်ပါ စာအချို့ကို ရွာသူရွာသားများ ဖတ်သင့်သည် ထင်ပါသဖြင့် အရင်းအတိုင်း တင်ပြခွင့်ပြုပါ။ ကျွန်တော့်အာဘော် လုံးဝမဟုတ်ပါကြောင်း နှင့် ဆွေးနွေးစရာ ရှိပါက […]


black chawOctober 19, 20111min28029
ဒီရက်ပိုင်း ရေအောက်က ဆက်ကြောင်းပျက်သည်ဆိုလားမသိ၊ ရွာထဲရောက်ဘို့ ကျော်နေခွနေရပါသည်။ သို့သော်လည်း ရွာထဲရောက်ရင်ဖြင့်  ရွာအလှက ဆီးကြိုနေတော့ ကျော်ရခွရ ကျိုးနပ်ပါသည်။ ဒီတစ်ပတ် ဖတ်ပြီး ပြောစရာရှိသည်များကို ပြန် ပြောပြချင်ပါသည်။ Water-melon ၏ စပွန်ဆာရဲ့ နောက်ကွယ်မှာ ကို ဖတ်ရသည်။ မြန်မာမော်ဒယ်မလေးများ၏ ရပ်တည်နိုင်ဘို့ စပွန်ဆာရှာနေရပုံကို မီးမောင်းထိုးပြထားခြင်း ဖြစ်ပါသည်။ ဒါကတော့ မအောင်မြင်ခင် ကြိုးစားနေရဆဲ မိဘစီးပွားရေး မတောင့်တင်းသည့် မော်လ်ဒယ်မလေးများ ရှောင်လွှဲလို့ မရနိုင်သော ပြသနာဖြေရှင်းနည်းတစ်ခုဟု မြင်မိပါသည်။ ကျွန်တော်တို့ကော ဘာများတတ်နိုင်ပါမည်နည်း။ ဒါက အနုပညာ နယ်ပယ်က ကိစ္စမို့ မေ့ချင်လည်း မေ့ထားလို့ရပါသည်။ မိတ်ဆွေတစ်ယောက်ပြောပြသော ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ပြောပြချင်ပါသည်။ နယ်တစ်ခု၏ ဆေးတက္ကသိုလ် တစ်ခုတွင် ကျောင်းတက်နေသော တောမှကလေးမလေးတစ်ယောက် ကျောင်းတက်ဖို့ စပွန်ဆာရှာသော […]