နွေဦးAugust 14, 20132min2208
ဦးဦးရဲကြီးရယ်.. ဦးဦးဟာ သားတို့မိသားစုအတွက် တကယ့်ကျေးဇူးရှင်ပါဦးဦးရယ် ။ ဦးဦးရဲကြီးရဲ့ကျေးဇူးကြောင့် သားတို့မိသားစုဟာ အရင်ကလိုမပင်ပန်းဘဲ အေးအေးလူုလူရှာဖွေ စားသောက်နိုင်ပါပြီ ။ အရင်ကဆို မနက်လင်းတာနဲ့ အဖေက တနေရာကိုထွက် အမေက တနေရာကိုသွား သားနဲ့ညီမလေးက တလမ်းဝင်တလမ်းထွက်နဲ့ ရှာဖွေ စားသောက်ရပါတယ် ဦးဦးရယ် ။ အခုတော့မနက်ရောက်တာနဲ့ မိသားစုတစုလုံး ဒီနေရာကိုလာလိုက်ရုံပါဘဲ ။ အဖေကလဲ အရင်လို စပယ်ပန်းတွေ ဂျာနယ်တွေကို လမ်းတကာလျှောက်ရောင်းဖို့မလိုတော့ဘူး ။ အမေကလည်း ဈေးဗန်းခေါင်းရွက်ပြီး လမ်းတကာပျံကျဈေး မရောင်းရတော့ဘူး ။ သားတို့မောင်နှမကလည်း ဝါးဆစ်ဗုံလေးနဲ့ လမ်းတကာလှည့်ပြီး အော်တောင်းစရာမလိုတော့ဘူး ။ အဲဒါတွေဟာ ဦးဦးရဲကြီးရဲ့ ကျေးဇူးကြောင့်ပေါ့ ။ သားတို့က လူကဆင်းရဲပေမဲ့ ကျေးဇူးတရားကို သိတတ်ပါတယ်ဦးဦးရဲကြီးရယ် ။ ဦးဦးရဲကြီးကသာ ကားတွေကို ဒီမီးပွိုင့်မှာ […]