VictoryJuly 7, 20121min24219
      အပိုင်း တစ် မြို့ငယ်လေး၏မီးရထားဘူတာရုံမှ ထွက်လာတော့ အသင့်စောင့်နေသော ရွာမှ မြင်းလှည်းကိုတွေ့ရသည်။ မွေးရပ်မြေကိုမရောက်တာကြာပြီဖြစ်၍မြင်းလှည်းမောင်းသူက မသိသူဖြစ်ပေမဲ့ မေတ္တာရှင်ဟူသော မြင်းလှည်းဘေးတွင်ရေးထားသော စာလုံးကြီးများ၏ အရွယ်အစား၊အရောင်နှင့် ဒီဇိုင်းတို့က အရင် အတိုင်းသာ ရှိနေသဖြင့် ရွာကမြင်းလှည်းမှန်း တန်းကနဲ သိလိုက်ရသည်က အဆန်းတော့မဟုတ်။ ရွာနီးချုပ်စပ်မှ ဈေးလာဝယ်ပြီးပြန်မည့် ဈေးဝယ်ပြန်သူများ၊ ရွာထွက်ရောင်းကုန်များ လာရောင်းပြီးပြန်ကြမည့် ဈေးရောင်းပြန်သူများ ကိုအဓိကထားပြီးတင်ဆောင်ခေါ်လေ့ရှိသော ဤမြင်းလှည်းကို ဈေးကြိုမြင်းလှည်းဟု အရပ်ခေါ် ခေါ်ကြလေသည်။ မြင်းလှည်းပေါ်တွင် လူတော်တော်များများရှိနေပြီဖြစ်၍ မြင်းလှည်းနောက်ပိုင်းတနေရာတွင်ဝင်ထိုင်ရန်ပြင် နေစဉ်ကြာပွတ်ကိုင်ထားသောမြင်းလှည်းဆရာလေး အနားကိုကပ်လာပြီး တရင်းတနှီးနှုတ်ဆက်လာသည်။ သူက ကိုယ့်ကိုသိသည်။ ဒီလိုနဲ့ သူဖိတ်ခေါ်ရာ သူ့မြင်းလှည်းရှေ့ပိုင်း မြင်းလှည်းမောင်းသူ သူ့နဘေးတွင်နေရာ ရသည်ပေါ့။ တခဏအကြာမြင်းလှည်းထွက်ချိန်တန်တော့ မြင်းလှည်းထွက်သည်။ တလမ်းလုံး ဟိုမေးဒီမေး မေးလာသော မြင်းလှည်းဆရာ၏စကားများကို […]