manawphyulayJuly 6, 20121min36921
တစ်နှစ်တစ်ခါ ရင်ခုန်ရမယ့် အချိန်ရောက်လို့လာပါပြီ။ အဲဒါဘာလဲဆိုတော့ ၁ဝ တန်း စာမေးပွဲအောင်စာရင်း ထွက်လာလို့ပါပဲ။ အားလုံးမျှော်လင့်နေကြတဲ့ အတိုင်းပေါ့။ အောင်သူအောင်ပြီး၊ ကျသူကျတဲ့ ပွဲတစ်ပွဲ ဖြစ်လို့ နေပါတော့တယ်။ ၁ဝ တန်းဆိုတဲ့အရာကလည်း အင်မတန် နတ်ကြီးတယ်မလား။ ဒီတော့ နီးစပ်ရာ ၁ဝ တန်း ကလေးတွေ ဘယ်သူ အောင်ပြီး ဘယ်သူဂုဏ်ထူး ဘယ်နှလုံးထွက်သလဲ မေးမြန်းကြည့်မိပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကတော့ ကိုယ်တိုင် ရင်ခုန်ခံစားရပါတယ်။ အောင်စာရင်းမထွက်ခင် တစ်ပတ်အလို လောက်ထဲက ရင်ခုန်ရပြီ။ အောင်စာရင်းထွက်မည့်ညရောက်တော့ တစ်ညလုံး အိပ်မပျော်တော့ပေ။ မနက်လင်းလို့ အောင်စာရင်းမှာ ကိုယ့်နာမည်ပါ မပါကို မိုးမလင်းခင် ဝေလီဝေလင်းအချိန်လောက်ထဲက တိုးကျိတ်ပြီး ကြည့်ရသည့် အရသာသည် တကယ့်ကို ရင်ခုန်ကြည်နူးစရာ ကောင်းခဲ့ပါတယ်။ ကိုယ်နာမည်က အောင်စာရင်းထဲ ပါလာပေမယ့် […]