manawphyulayJanuary 8, 20141min1573
လူတိုင်း လူတိုင်းမှာ သမိုင်းကိုယ်စီရှိကြပါသည်။ လူတို့သည် ကိုယ့်သမိုင်းကို ကိုယ်ဖော်ဆောင်ကြသည် ဆိုသည်မှာ ပြောစရာလိုမည် မထင်ပေ။ ကောင်းသော လုပ်ရပ်များကို လုပ်ဆောင်လျှင် ကောင်းကျိုးရဲ့ ရလဒ်ကို စံစားရသလို မကောင်းသော လုပ်ရပ်များကို လုပ်ဆောင်ကြသူများ၏ ရလဒ်သည်လည်း ထိုနည်းတူ ခံစားရမည် ဖြစ်ပါသည်။ အမှန်တကယ်တော့ လုပ်ရပ်ရှိလို့ ရလဒ်ဆိုတာ ဖြစ်ပေါ်လာရခြင်းသာ ဖြစ်ပါသည်။ လုပ်ရပ်နှင့် ရလဒ်ရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ စိတ်ဓာတ်ဆိုတဲ့အရာက ဦးဆောင်ခေါ်ယူသွားခြင်းပင် ဖြစ်ပါသည်။ လူတို့မှာ စိတ်ဓာတ်ကိုယ်စီရှိကြပါသည်။ ထိုစိတ်ဓာတ်သည် မွေးရာပါ ပင်ကိုစိတ်ပင် ဖြစ်ကြပါသည်။ တချို့ကျတော့ အကျင့်စာရိတ္တဟူ၍လည်း သုံးနှုန်းပြောဆိုလေ့ရှိကြပါသည်။ မည်သို့ပင် ဆိုသည်ဖြစ်စေ လူအများစုသည် ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြသည်ကို အမှုမဲ့ အမှတ်မဲ့ နေထိုင်လေ့ရှိကြသလို ကိုယ်ပြုသောကံ ကိုယ့်ထံပြန်သည်ကို မေ့လျော့နေကြလေသည်။ တစ်ဦးတစ်ယောက်၏ လုပ်ရပ်သည် […]