water-melonJuly 18, 20121min29720
မနေ့က ဓာတ်ဆီဆိုင်မှာ ၃၇၀ဝတန်ဆီတဂါလန်ကို ဆီစာအုပ်နဲ့သွားထုတ်မိပါတယ်။ သူများတွေလို အောတိန်း နိုင်တီးဆီတွေ မဝယ်နိုင်တော့ ဆီစာအုပ်လေးကိုအားကိုနေရတာ ဒါတောင် သတင်းစာထဲမှာ တစ်ချို့ဆိုင်တွေက တလကို ၄ ဂါလံဘဲပေးတော့မယ်ဆိုတော့ နည်းနည်းတော့ စိတ်ဓာတ်ကျမိတယ်။ကိုယ်ထုတ်တဲ့ဆိုင်က အခုထိ ၈ ဂါလံပေးတော့ အားတက်မိပါတယ်။ ထားပါတော့ ဆီထုတ်ပြီးတော့ အိမ်မှာရေသန့်ဘူးထဲ ထည့်လိုက်တော့ အဲလိုအရောင်ကြီးနဲ့ဗျ ဘာတွေရောထားလဲ မသိဘူး ပါးစပ်ထဲမှာလည်း အန်ချင်သလိုလို ဖြစ်နေသည်။ ဖရဲသီးတော့ မာလကီးတော့ထင်တယ်။အရင်တုန်းက အစိုးရက ပုဂ္ဂလိကိုဆီဆိုင်လုပ်ခွင့်မပေးတုန်းကဆို ဓာတ်ဆီဆို အရောင်လေးကိုဖွေးလို့ ဘယ်ချိန်ထားထား ဓာတ်ဆီအငွေ့အသက်လေးတွေရတယ်ဗျ။ ပုဂ္ဂလိကလည်းပေးရော ဘာတွေမှန်းကို မသိဘူး အရောင်တွေက ဖြစ်ချင်တာ ဖြစ်နေတာ။ အောက်ပုံသာကြည့်ကြပါတော့ဗျာ အရောင်ကလည်း သေးပေါက်ထည့်ထားတာကျနေတာဘဲ ဝါထိန်နေတာဘဲ။ အဲဆီတွေထည့်ရင်း စဉ်းစားမိတာ ဘယ်နေ့ငါ့ဆိုင်ကယ် ထပေါက်မလဲပေါ့ ၄၁၀ဝတန် အော်ပြီးတိန်းတဲ့ဟာ […]