ဘုရင်ကို မိဘနေရာ၊သက်ဦးဆံပိုင်အရှင်သခင်နေရာမှာထားပြီး “မှန်လှပါအရှင်ဘုရား”“မှန်နီးကီးနီးပါ”ထူးပြီး ဦးခိုက်ပြောဆိုခဲ့ရတဲ့ အသုံးအနှုန်းတွေက ယနေ ့သမ္မတခေတ်ထိကို မပြီးပြတ်သေး ဘဲဆက်သုံးနေတုန်းပါဘဲ။       ယနေ ့ခေတ် သမ္မတနိုင်ငံ. ဒီမိုကရေစီခေတ်မှာ အာဏာကိုပိုင်တာ ပြည်သူတွေပါ၊ဝန်ထမ်းတွေ မဟုတ်ပါဘူး။တိုင်းပြည်ရဲ ့ငွေ(သို ့မဟုတ်)ပြည်သူ ့ငွေတွေကို စားနေရသူတွေမို ့ဝန်ထမ်းတွေရဲ ့အရှင်သခင်ဟာ ကျွန်တော်တို ့ပြည်သူတွေပါ။       ဒါကြောင့် ဌာနဆိုင်ရာ အဖွဲ ့အစည်းတွေကို အာဏာပိုင်အဖွဲ ့အစည်းလို ့မခေါ်သင့်တော့ပါဘူး။အာဏာပိုင်ဆိုတဲ့စကားကြောင့် သူတို ့ကို သူတို ့အရှင်သခင်ပမာ မှတ်ယူ၍ မောက်မာ၊ရိုင်းပြတတ်ကြလို ့ပါ။များသောအားဖြင့် ရှေးရိုးစွဲ ဌာနဆိုင်ရာ များ၏ဝန်ထမ်းများတွင် ပညာတတ်သူမရှိသလောက်ကိုရှားလို ့ပါဘဲ။      ယခုကဲ့သို ့ဖြစ်ရသည်မှာ မျက်နှာဖြူအရှင်ကြီးများ၊ဂျပန်မာစတာကြီးများအပေါ် ဒူးတုပ်ခစားစေခဲ့ရာမှ ပါလာခဲ့သောအကျင့်ကြောင့်ပင်ဖြစ်ပါသည်။“ပညတ်သွားရာဓာတ်သက်ပါ”သွားလို ့နေမှာပါ။      ကျွန်တော်ပြောချင်တာက ယနေ ့ခေတ်လို ဒီမိုကရေစီခေတ်မှာ အားလုံးသောသူ ဟာရေးဆွဲပြဌာန်းထားတဲ့ ဖွဲ ့စည်းပုံအောက်က လူသားတွေမို ့  လွှတ်တော်ကို နာခံရသူတွေဖြစ်နေပါပီ။ဒါကြောင့် ဒီမိုကရေစီ ကျင့်စဉ်ဖွံ ့ဖြိုးတဲ့ နိုင်ငံတွေမှာ ပြည်သူသာလျှင်အာဏာပိုင်ဖြစ်ပါတယ်။အဲဒါမို ့လို ့ […]


လူသားတွေအနေနဲ့ ဘဝမှာ ရင်ဆိုင်ရဲဝံ့စရာ အချက်အလက်သစ် တစ်ခုပါပဲ။ အဲဒီ့စိတ်အခံကတော့ “ခါထုတ်ပြီး နင်းတက်မယ်”ဆိုတဲ့ သဘောထားလေးပါ။ ကျွန်တော်တို့တွေဟာ တစ်ခုခုကိုဆိုရင် ကြိတ်မနိုင် ခဲမရနဲ့ စိတ်ထဲမှာ မပြီးနိုင် မစီးနိုင်ဖြစ်နေတတ်တာ ခဏ ခဏပါပဲ။ တချို့ဟာတွေဆို တစ်ပတ်လောက်ကို တနုံ့နုံ့၊ တချို့ဟာတွေကျတော့ တစ်လလောက်၊ တချို့ဆိုရင် နှစ်နဲ့ကို ချီလို့။ ခေါင်းထဲကကို ဖျောက်မရနိုင်၊ ခါမထုတ်နိုင်တာများလေ။ ဦးနှောက်စားတယ်ဆိုတာ အဲဒါမျိုးပေါ့။ ကျွန်တော်တို့ရဲ့ အပျော်တွေ၊ စိတ်ချမ်းသာမှုတွေ၊ စိတ်အေးချမ်းမှုတွေနဲ့ ပေးဆပ်နေရတာတွေပါ။ အတိတ်က နာကျင်ခံစားမှုတွေဟာ ခါးသီးမှု၊ အမုန်းတရား၊ အမျက်ဒေါသနဲ့ အာဃာတများကို ဖန်တီးနေတာပဲ မဟုတ်ပါလား။ ကျွန်တော်တို့ဟာ အဲဒီ ခါးသီးမှု ၊ အမျက်နဲ့ အာဃာတဆိုတဲ့ နာကျင်ခံစားမှု မြေကြီးတွေကို ကျွန်တော်တို့ ကျောပေါ်ကို နေ့စဉ်လိုပဲ […]